အနုလောမ ပဋိစ္စသမုပ္ပွါဒ် ဥဒ္ဒေသပါဠိတော်
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ
သင်္ခါရ ပစ္စယာ ၀ိညာဏံ
ဝိညာဏ ပစ္စယာ နာမရူပံ
နာမရူပ ပစ္စယာ သဠာယတနံ
သဠာယတန ပစ္စယာ ဖေဿာ
ဖဿ ပစ္စယာ ဝေဒနာ
ဝေဒနာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဥပါဒါနံ
ဥပါဒါန ပစ္စယာ ဘဝေါ
ဘ၀ ပစ္စယာ ဇာတိ
ဇာတိ ပစ္စယာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊
ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
အဓိပ္ပါယ်
အ၀ိဇ္ဇာ ပစ္စယာ အဟုတ်အမှန်ကို မသိ မမြင်မှု ဟူသော အကြောင်းတရားကြောင့်၊
သင်္ခါရာ ပစ္စုပ္ပန်အမှု
သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းတို့သည်၊
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သင်္ခါရ ပစ္စယာ ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းကြောင့်
ဝိညာဏံ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုသည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝိညာဏ ပစ္စယာ ဘ၀သစ်မှာ ၀ိညာဏ်သစ်ဖြစ်ပေါ်မှုကြောင့်
နာမရူပံ နမ်အစု ရုပ်အစုတို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
နာမရူပ ပစ္စယာ နမ်အစု ရုပ်အစုတို့ဖြစ်ပွားမှုကြောင့်
သဠာယတနံ ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ
ကိုယ်၊ ဟဒယ)တို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
သဠာယတန ပစ္စယာ ဒွါရ(၆)ပါး (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာကိုယ်၊ ဟဒယ)တို့ကြောင့်
ဖေဿာ အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးသည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဖဿ ပစ္စယာ အာရုံကိုတွေ့မှုဟူသော ဖဿ(၆)ပါးကြောင့်
ဝေဒနာ အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဝေဒနာ ပစ္စယာ အာရုံကို ခံစားတတ်သော ဝေဒနာ( ဒုက္ခ၊ သုခ၊ ဒေါမနဿ၊ သောမနဿ၊ ဥပေက္ခာ) တို့ကြောင့်
တဏှာ အာရုံကိုကပ်ငြိသောသဘော တို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
တဏှာ ပစ္စယာ အာရုံကိုကပ်ငြိသောသဘောကြောင့်
ဥပါဒါနံ ထိုအာရုံကိုစွဲလန်းခြင်းသည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဥပါဒါန ပစ္စယာ အာရုံကိုစွဲလန်းခြင်းကြောင့်
ဘဝေါ ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဘ၀ ပစ္စယာ ဘ၀သစ်အတွက် ကံတရား ၀ိပါက်တရားအစုတို့ကြောင့်
ဇာတိ တစ်ဖန်ပဋိသန္ဓေမျိုးစေ့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဇာတိ ပစ္စယာ ပဋိသန္ဓေမျိုးစေ့ကြောင့်
ဇရာမရဏံ ရင့်ရော်အိုမင်းမှု၊ သေမှုတိုသည်၎င်း၊
သောက ပူပင်မှု၊
ပရိဒ၀ ပြင်းစွာစိတ်ပူပင်မှု၊
ဒုက္ခ ဆင်းရဲမှု၊
ဒေါမနဿ စိတ်ဆင်းရဲခြင်း၊
ဥပါယာသ ပြင်းစွာငိုကြွေးခြင်းတို့သည်
သမ္ဘ၀န္တိ ဖြစ်ပွားကုန်၏။
ဧ၀ံ ဤသို့၊
ကေ၀လဿ ချမ်းသာမဖက် ဆင်းရဲသက်သက်သာဖြစ်သော၊
ဧတဿ ဒုက္ခက္ခန္ဓဿ ထိုဆင်းရဲခြင်းအစုတို့၏
သမုဒယော ဖြစ်ပွားခြင်းသည်
ဟောတိ ဖြစ်၏။