Wednesday, July 17, 2013

ကံ

ယခင်ဘ၀က သူတစ်ပါးကို သတ်ခဲ့သူ        ယခုဘ၀ အသက်တိုသည်။
ယခင်ဘ၀က သတ္တ၀ါများကိုညှဉ်းဆဲခဲ့သူ    ယခုဘ၀ ရောဂါထူပြောသည်။
ယခင်ဘ၀က ဒေါသကြီးခဲ့သူ                   ယခုဘ၀ အရုပ်ဆိုးသည်။
ယခင်ဘ၀က မနာလိုစိတ်ကြီးခဲ့သူ            ယခုဘ၀ အခြွေအရံနည်းသည်။
ယခင်ဘ၀က ဒါနအားနည်းခဲ့သူ               ယခုဘ၀ စီးပွားရေးညံ့သည်။
ယခင်ဘ၀က မာနကြီးခဲ့သူ                     ယခုဘ၀ အမျိုးနိမ့်ကျသည်။
ယခင်ဘ၀က ကုသိုလ်၊ အကုသိုလ်မစုံစမ်းခဲ့သူ ယခုဘ၀ ဉာဏ်ပညာညံ့သည်။
(စူဠကမ္မ၀ိဘင်္ဂသုတ္တန်)

ဆိုသော်လည်း ယခုလက်ရှိ ပစ္စုပ္ပန်ကံသည် လက်ရှိဘ၀ကို သုံးပုံနှစ်ပုံအကျိုးပေး၏။

ထို့ကြောင့်
 အရင်ကောင်းလို့ ၊ အခုကောင်းတယ်။
အရင်ဆိုးလို့ အခုဆိုးတယ်၊
အရင်ဆိုးဆိုးကောင်းကောင်း ၊ အခုကောင်းရင် နောင်ကောင်းမယ်။

ကံကိုနားလည်သဘောပေါက်ပြီး ကောင်းကံများများ ပွားနိုင်ကြပါစေ..။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home