Wednesday, October 21, 2009

သိင်္ဂါလောဝါဒ

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ အလုပ်ရှင်နှင့်အလုပ်သမား၊ ဆရာနှင့်ဒကာ ၊ မိတ်ဆွေတို့၏ အချင်းချင်းထားရှိအပ်သော ပြုလုပ်ပေးအပ်သော ၀တ္တရားများကို သိင်္ဂါလသတို့သားအား မြတ်စွာဘုရားဟောကြားခဲ့သော သိင်္ဂါလောဝါဒ သုတ္တန်တွင် တွေ့ရှိနိုင်ပါသည်။ လောကီ လောကုတ် နှစ်ဖြာသော အကျိုးစီးပွားကို ဖြစ်စေတတ်သာ ကျင့်ဆောင်ဖွယ်များဖြစ်သည်။

(က) သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်။
ကျင့်ဖွယ်သားတို့တာ။

(ခ) မိဘကျင့်ဝတ် ငါးပါး
မကောင်မြစ်တာ ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ ၊ ပေးဝေနှီရင်း
ထိမ်မြားခြင်းလျှင်
ဝတ်ငါးအင်
ဖခင်မယ်တို့တာ။

(ဂ) တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ ၊ ဆုံးမနာယူ
လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်
တပည့်ဝတ်
မချွတ်ငါးခုသာ။

(ဃ) ဆရာဝတ် ငါးပါး
အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ။

(င) လင်ကျင့်ဝတ် ငါးပါး
မထေမဲ့ကင်း ၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(စ) မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် ၊ လျောအောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ
အိမ်သူ ကျင့်အပ်စွာ။

(ဆ) မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြင့် ၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် ၊ နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၊
ဝတ်ငါးထွေ
ကျင့်လေမိတ်သဟာ။

(ဇ) အလုပ်ရှင်ကျင့်ဝတ် ငါးပါး
ဝစွာကျွေးမွေး ၊ ပြုရေးစီရင်
နာလျှင်ကုစေ ၊ ငှဝေရသား
အခါကိုလွှတ်
အရှင့်ဝတ်
မချွတ်ငါးခုသာ။

(ဈ) အလုပ်သမားဝတ် ငါးပါး
အိပ်သော်နောက်ကျ ၊ ထသော်ကားရှေး
ပေးမှယူအပ် ၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်
ငါးချက် ကျွန်ကျင့်ရာ

(ည) ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက် ၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို ၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ
ဝတ်ငါးထွေ
ပြုလေ ဒါယကာ။

(ဋ) ၇ဟန်းကျင့်ဝတ် ခြောက်ပါး
မကောင်မြစ်ထာ ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး ၊ နာဖူးထပ်မံ
နတ်ထံတင်ရာ ၊ မေတ္တာလည်းပြု
ရဟန်းမှု
ခြောက်ခု လွန်သေချာ။

ကိုယ့်နှင့်ဆိုင်တာ ကိုယ်ကျင့်ဆောင်ပါက ဘ၀တွင် အောင်မြင်တိုးတက်မှုများ မုချရရှိမည်ဖြစ်ပီး ၊ အေးချမ်းသာယာသော ဘ၀တစ်ခု ပြည့်စုံကြွယ်ဝသော ဘ၀တစ်ခု ပိုင်ဆိုင်မည်ဖြစ်သည်။

ချမ်းသာပြီး မသာယာသောဘ၀၊ ပြည့်စုံသော်လည်း မကြွယ်ဝသောအခြေနေများ တွေ့ကြုံနေရခြင်းမှာ အထက်ပါကျင့်ဝတ်များတွင် တခုခု လိုအပ်နေသော ကြောင့်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်....
ဘုရားဟောဟူသည် လိုသည်ဟုဖြည့်စွက်စရာ ပိုသည်ဟုပါယ်ဖျက်စရာ မရှိနိုင်သော ကြောင့်ဖြစ်သည်။

4 Comments:

At October 22, 2009 at 3:49 AM , Blogger ဝက်ဝံလေး said...

သားသမီးကျင့်ဝတ် မပြည့်သေးဘူးထင်ပါ့ မယားကျင့်ဝတ်ကတော့ မလိုသေးဘူး မိတ်ဆွေ ကျင့်ဝတ်မှာတော့ နှုတ်မြွက်တော့ မချိုသာနိုင်သေးဘူးဟ သစ္စာကတော့ ရှိတယ်ထင်တာပဲ အတ္တရေ......

 
At October 22, 2009 at 5:25 AM , Anonymous ကျော်ကျော်အောင် said...

တစ်ကယ်ကိုကောင်းတဲ့
လူကျင့်ဝတ်ကလေးတွေပါဘဲ
လူကျင့်ဝတ်အချက်ကလေးတွေ
နဲသလောက်လိုက်နာဖို့ရန်လဲ
တော်တော်ခက်ခဲကြတယ်နော်။
အခုလိုလေးတွေသာလိုက်နာကြမယ်ဆိုရင်ရန်ပွဲဆိုတာ
ဘယ်လာရှာတွေ့တော့မှာလဲ

 
At October 22, 2009 at 5:50 AM , Anonymous ဆောင်းမြူခိုး said...

အဲ့လာ.. လူ့ ကျင့်ဝတ်လေ....ဝ ကျင့်ဝတ်မှ မဟုတ်တာ...ဝ လိုက် မှီလုပ်နိုင်ဘူးးး ဝအတွက် ဝ ကျင့်ဝတ်ရေးပေးလေ..စီကယ် ..စိတ်လေတယ်...

 
At October 23, 2009 at 1:10 AM , Blogger အတ္တ said...

ဝ အတွက်ကျင့်ဝတ်ကို ၀က်ကရေးပေးလိမ့်မယ်။
ငှက်ရေ မြူအိုးအတွက် လုပ်ပေးလိုက်ပါအုံး

 

Post a Comment

Subscribe to Post Comments [Atom]

<< Home