Wednesday, October 21, 2009

ဂဟိဝိနယ

(၁) ဥစ္စာပျက်ကြောင်း ခြောက်ပါး
  သေစာသောက်စား ၊ လမ်းသွားခါမဲ့
ရှုငဲ့သဘင် ၊ ပျော်ရွှင်အန်လောင်း
မကောင်းမိတ်ဖျင်း ၊ ပျင်းရိခြင်းကား
ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။


(၂) သေအရက်သောက်ခြင်း အပြစ်ခြောက်ပါး

ဥစ္စာယုတ်ခြင်း ၊ ငြင်းခုံများစွာ
ရောဂါထူပြော ၊ ကျော်ဇောမဲ့တုံ
မလုံအင်္ဂါ ၊ ပညာနည်းရှား
ဤ ခြောက်ပါးကား
သောက်စားသေစာ အပြစ်တည်း ။


(၃) အခါမဲ့ သွားလာခြင်း အပြစ်ခြောက်ပါး

ကိုယ့်သားမယား ၊ တခြားဥစ္စာ
လုံရာမဲ့ရှောင်း ၊ မကောင်းအရာ
ရွံရှာလေအပ် ၊ ယိုးစွပ်ရောက်မှု
ဆင်းရဲစု
ခြောက်ခု ခါမဲ့သွားပြစ်တည်း ။


(၄) သဘင်ပွဲလမ်း အပြစ်ခြောက်ပါး

ကခြင်းတလီ ၊ သီခြင်းတသီး
မှုတ်တီးတသင်း ၊ ပြိန်ဖျင်းတအုပ်
လက်ခုပ်တတည် ၊ အိုးစည်တဖြာ
ရှိရာရှာ၍
ဥစ္စာပျက်မှု ၊ ဤခြောက်ခုကား
ကြည့်ရှုသဘင်အပြစ်တည်း။


(၅) လောင်းကစားသူ အပြစ်ခြောက်ပါး

အောင်သူရန်ပွား ၊ ရှုံးသားစိုးရိမ်
စည်းစိမ်လျော့ပါး ၊ တရားသဘင်
မ၀င်သက်သေ ၊ မိတ်ဆွေနှိမ့်ဆို
မလိုထိမ်းမြား
ဤခြောက်ပါးကား
ပျော်ပါးကြွေအန် အပြစ်တည်း။


(၆) မိတ်ဆွေပျက် ခြောက်ပါး

ကြွေအံကြူးထ ၊ မိန်းမကြူးထွေ
သေစားကြူးမှု ၊ အတုပြုငြား
လှည့်စားတထောက် ၊ မျက်မှောက်လှည့်ချက်
နိုင်ထက်လုယူ ၊
ဤသူခြောက်ပါး ၊ မိတ်ဖြစ်လားကြောင့်
ပျက်ပြားမိတ်ဆွေ အပြစ်တည်း ။


(၇) ပျင်းရိခြင်း အပြစ်ခြောက်ပါး

အချမ်းပြင်းဝှန် ၊ အလွန်ပူနိုး
မိုးချုပ်လှမော ၊ စောလှလွန်းရောင်
ဆာလောင်ပြင်းပြ ၊ ၀မ်းဝလွန်းထွေ
နေက ပညာ ၊ မပွားရာသည်
ခြောက်ဖြာ ပျင်းသူအပြစ်တည်း ။

(၈) အကြီးအကဲဝတ် ခြောက်ပါး

ထကြွ နိုးကြား ၊ သနား သည်းခံ
ဝေဖန် ထောက်ရှု
ဤခြောက်ခု
ကြီးသူ့ကျင့်ရာ တရားတည်း ။

(၉) အလေးအမြတ်ပြုအပ်သော အရပ်ခြောက်မျက်နှာ

အရှေ့ မိဘ ၊ တောင်မှ ဆရာ
နောက်မှာ မယား ၊ မြောက်ကား မိတ်ဆွေ
 အောက်ခြေကျွန်များ ၊ အထက်ဖျားကား ရဟန်း
လေးမြတ်ပြုအပ် ၊ ဤခြောက်ရပ်တည်း ။


ဂဟိဝိနယဆုံးမစာမှ ထုတ်နှုတ်ဖေါ်ပြပါသည်။

2 Comments:

At October 21, 2009 at 8:28 AM , Anonymous ဆောင်းမြူခိုး said...

အဲ့လိုရေးရုံနဲ့ ဘယ်ရမလဲ..ကလေးတွေ နားလည်အောင် နည်းနည်းပါးပါးရှင်းပြမှပေါ့...(အလုပ်ပေးသွားပါသည်)

 
At October 21, 2009 at 2:45 PM , Blogger ဝက်ဝံလေး said...

နံပါတ် ၇ လောက်ပဲ နဲနဲ ဆင်ခြင်ရမှာ ကျန်တာတွေ ငါ လွတ်တယ် ပျော်စရာကြီး ပလိုဂျိ

အပေါ်က ဆောင်း ဘာထပ်ရှင်းရဦးမှာလဲ ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်ဘူး ဟွင်းးး

တာ့တာ ဘိုင် ဖရဲသီးယို

 

Post a Comment

Subscribe to Post Comments [Atom]

<< Home