အပျိုစင်ဘုရင်မ
အင်္ဂလိပ်သမိုင်းတွင် `အယ်လစ်ဇဘက်ခေတ်` ဟူ၍ ထင်ရှားလှပေသည်။ အင်္ဂလိပ်တို့သည် ယ္ခုအခါတွင် စိုးစံ နေသော ဒုတိယအယ်လစ်ဇဘက် ခေတ်သို့ ရောက်မည် မထင်ဘဲ ရောက်လာကြသောအခါ ပထမ အယ်လစ်ဇဘက်ဘုရင်မကို သတိရကြသည်။ သူမသည် ထီးမွေခံမဟုတ်ခဲ့ချေ။ သူ့အစ်မတော် မေရီဘုရင်မ နတ်ရွာလားသည့်အတွက် သူ့အသက် ဆယ့်ခြောက်နှစ်အရွယ်တွင် မမျှော်လင့်ပဲ နန်းတက် လာရလေသည်။
သူ့ကို တိုင်းသူပြည်သားများက (Virgin Queen) အပျိုစင်ဘုရင်မဟု ခေါ်ကြသည်။ သူ့ခေတ်မတိုင်မီက တိုင်းပြည်နှင့်အ၀ှမ်း သောင်းကျန်းမှုများ ပေါ်ပေါက်လေသောကြောင့် သူနန်းတက်လေသောအခါ သူက ငြိမ်းချမ်းရေးကို အဓိကပြုပါသည်ဟု ကြေညာ လေရကား သူ့ကို အများပြည်သူက ကြည်ညိုကြကုန်၏။
ငြိမ်းချမ်းရေးကို အဓိကပြုပါသည်ဟု ကြေညာသော ဘုရင်မကြီး၏ ရွှေထက်တွင်ပင် သောင်းကျန်းမှု ပိုမိုထွေပြား လေတော့သည်။ စပိန်ပြည်နှင့် ဖြစ်သောစစ်ကြီးကြောင့် အသက်များစွာစတေးလိုက်ရသည်။ အပျိုစင် ဘုရင်မကြီး၏ ရှုပ်ပွေမှုကို ဦးတည်၍ နန်းတွင်း၌သာမက တိုင်းပြည်အ၀ှမ်း ကာမ သောင်းကျန်းမှု အထွေထွေ ဖြစ်ပေါ် လေသည်။
အယ်လစ်ဇဘက်ခေတ်ဟု သမိုင်းမော်ကွန်းတင်စေနိုင်ခဲ့သော အပျိုစင် ဘုရင်မကြီးသည် စာပေအနုပညာကို အားပေးချီးမြင့်တော်မူသည်ကား မှန်ပေ၏။ သို့သော် အနုပညာရှင်တို့သည် ဘုရင်မ၏ချီးမြှောက်မှုကို ရလိုပါမူ အနုပညာလက်ရာဖြင့် အစွမ်းပြ၍မရနိုင်ကြချေ။ ဘုရင်မ၏ မျက်နှာတော်ချို အလိုတော်ကျအောင် ခစားနိုင်ပါမှ ဆုရကြလေသည်။ ဘုရင်မ အချစ်တော်အဖြစ် ရရှိသူသာလျှင် ရာထူးရာခံနှင့် ဆုတော်လာဘ်တော် ရရှိနိုင်ကြသည်။ ထို့ကြောင့် အယ်လစ်ဇဘက်ခေတ်၌ အနုပညာရှင်များနှင့် သူရဲကောင်းတို့သည် ဘုရင်မအလိုကျ ခစားနိုင်ရန် အလုအယက် ယှဉ်ပြိုင်ကြရလေသည်။
အပျိုစင်ဘုရင်မ၏ အလိုကျ ဖျော်ဖြေနိုင်စွမ်းရှိသောသူသည် အများအပေါ် အာဏာတန်ခိုးပြနိုင်ပေသည်။ အာဏာဆာနေသော အာဏာရူး များစွာတို့သည် အပျိုစင်ဘုရင်မ၏ အသုံးတော်ခံ အချစ်တော်ဖြစ်အောင် တစ်ဦးကတစ်ဦးကို တိုက်ခိုက်ကျော်နင်း၍ အပါးတော်တို့ တိုးတက်ခစားကြရလေသည်။
ထိုအာဏာဆာသူတို့ အမြင်သာလျှင် အယ်လစ်ဇဘက်မှာ မက်မောဖွယ်ဖြစ်ပေသည်။ သာမန်လူတစ်ဦးအဖို့ ကြောက်လန့်စဖွယ် ဖြစ်မည်မုချတည်း။ ပိုးဖဲကတ္တီပါတို့ဖြင့် ပြီးသော ၀တ်စားတန်ဆာများအောက်၍ရှိသော ဘုရင်မ၏ကိုယ်ကာယတွင် ယောက်ျားတို့ မက်မောစရာ တစ်ချက်စာမျှ မပါချေ။ သူ့အသားသည်ကြမ်း၏။ သူ့ကိုယ်ကာယသည် ပိန်၏။ အရေထူ၏။ ရင်သားပြားချပ်လှသည်။ ဆံပင်နီကြောင်ကြောင် ကြမ်းတမ်းတမ်းနှင့် ဖြူရော်ရော်အသားရောင်ရှိသည်။မျက်နှာတွင်နှင်းပျောက်ကွက်များရှိသည်။ ယင်းအကြောင်း ကြောင့် သူ့ကိုချစ်ပါသည်ဆိုသော ယောက်ျားတို့သည် သူ့ကိုချစ်၍ မဟုတ် အာဏာကို ချစ်၍သာဖြစ်ချေသည်။
Queen Elizabeth I (1558-1603 AD)
တစ်သက်လုံး ကြင်ဖက်မရှာပဲ ရာဇ၀င်တွင် `အပျိုစင်ဘုရင်မ` ဟုမော်ကွန်းတင်စေသော
အယ်လစ်ဇဘက်သည် အချစ်တော်မရှိလျှင်မနေတတ်ပေ။ အချစ်တော်မှာလည်း တစ်ဦး
တစ်ယောက်တည်း မူတည်၍ထားသည်မဟုတ်။ တစ်ယောက်ငြီးငွေ့လာသည်နှင့် ဒုတိယက
အသင့်ရှိလေတော့သည်။ တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ထားလေသည်။
အချစ်ဆာသော အပျိုစင်ဘုရင်မနှင့် အာဏာဆာသောသူကောင်း မြို့စား၊ နယ်စားများတို့သည်
`အယ်လစ်ဇဘက်ခေတ်`ကို တည်ထောင်သွားကြလေသည်။ တောအရပ်ဒေသမှ လန်ဒန်
မြို့တော်သို့ တက်၍ စွန့်စွန့်စားစား ရှေ့တော်ရောက်အောင် ကြံဆောင်သော အခွင့်ရေးသမား
ဆာဝေါလ်တာရယ်လေး ကဲ့သို့ မိုက်ရူးရဲများလည်းရှိသေးသည်။
မယားရှစ်ယောက် ဆက်ကာယူသော ဥရောပတစ်ခွင်တွင် အစားကြီးသူ တစ်ဦးအဖြစ် ကျော်စောသော (Henry VIII)အဋ္ဌမမြောက်ဟင်နရီဘုရင်ကြီး၏ သမီးတော်ဖြစ်သည်။ သူ့မယ်တော် အင်နီဘော်လင်း (Anne Boleyn) မှာ ရုပ်ရည်ချောမောလှပေသည်။ အယ်လစ်ဇဘက်ငယ်စဉ်တွင် ကွပ်မျက်ခံရသည်။ အချို့သော ရာဇ၀င်ဆရာတို့က အင်နီဘော်လင်းမှာ စင်စစ်အားဖြင့် ဟင်နရီဘုရင်ကြီး၏ များလှစွာသော မောင်းမကိုယ်လုပ်တော်အပေါင်းမှ ဖွားမြင်သော မရေတွက်နိုင်သော သားသမီးများထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။ ဟင်နရီမှာ သူ့သမီးကို မမှတ်မိရှာ၍သော်၎င်း၊ အင်နီ၏အလှကို မက်မော၍သိမ်းပိုက်လိုက် လေသည်။ ကာလအတန်ကြာလတ်သော ငြီးငွေ့လာလေသောကြောင့် အပြစ်ရှာ၍ကွပ်မျက်လိုက်သည်။ ဖွားမြင်လာသော သမီးကလေး အယ်လစ်ဇဘက်ကို နန်းတော်တွင်ထား၍မွေးမြူစေသည်။ တရားဝင်မိဖုရား ၏သမီးမဟုတ်လေရကား အယ်လစ်ဇဘက်သည် မယားငယ်သမီးမျှသာ ဖြစ်လေသည်။
ယင်းသို့ဖခင်ကြီးထံမှ ရလိုက်သော လွန်ကျူးမှုဝါသနာအထုံကြောင့် သူ့ခေတ် အရောက်တွင် သောင်းကျန်း တော့သည်။
နိုင်ငံခြားမှရောက်လာသော သံတမန်တို့အား နေ့ခင်းနေ့လည်တွင် ညီလာခံသဘင်၌ တွေ့ဆုံရရုံနှင့် အသိမှတ်မပြုပေ။ ညပိုင်းတွင် အဆောင်တော်သို့ မ၀င်ရောက်မခစားသော သံတမန်သည် အင်္ဂလန်ပြည်၌ သံတမန်စစ်စစ် မဖြစ်သေးချေ။ ဘုရင်မကြီး၏ အဆောင်တော်သို့ အချိန်မတော် ၀င်ရောက်ခစားသော သံတမန်တို့သည်သာလျှင် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ခင်းသော သံတို့၏ ၀တ္တရားကျေပွန်ပေ တော့သည်။
ဘုရင်မကြီးကိုယ်တိုင်က စာရိတ္တပျက်စီးနေသော် နောက်လိုက် မှူးကြီးမတ်ရာ သေနာပတိတို့ကပါ ပျက်စီးတော့သည်။ တိုင်းပြည်နှင့်အ၀ှမ်း စာရိတ္တပျက်ပြားမှုမှာ ထိုခေတ်က ဖက်ရှင်ဖြစ်နေတော့သည်။ တောင်သူလယ်သမားတို့သည် အခွန်ကြီးလေး သောကြောင့် မိမိတို့ပိုင်လယ်များကို မလုပ်တော့ပဲ အသိမ်းခံ လိုက်သည်။ သိမ်းပြီးအစိုးရထံတွင် လခစားအဖြစ် ပြန်လုပ်ကြသည်။ ကိုယ်ပိုင်လုပ်ခြင်းထက် ပိုတာဝန် နည်းပြီး ငွေကြေးမှန်မှန်ရသဖြင့် ပိုတွက်ချေကိုက်သည်။
ဥပဒေတွင် ပြည့်တန်ဆာကာကွယ်ရေးပုဒ်မများရှိပါ၏။ သို့သော် ဥပဒေသည် စာအုပ်ကြီးထဲ၌သာရှိသည်။ ဘုရင်မကြီးမှစ တိုင်းပြည်တစ်ဝှမ်းလုံးက လိုက်စားနေသော အပျော်တမ်းအလုပ်ဖြစ်နေသောကြောင့် စာအုပ်ထဲမှ ဥပဒေသည် ပြူထွက်မလာဝံ့ရှာချေ။ ယခုခေတ် ခေါင်းဆောင်များ အငယ်အမြှောင်ထားသည် ဆိုသည်မှာ အယ်လစ်ဇဘက်ခေတ်က ငြိမ်နေသလောက်သာရှိချေသည်ဟု ပြောစမှတ်ပြုကြသည်။ ပြည့်တန်ဆာလုပ်ငန်းသည် ထိုခေတ်က လူမှုဝန်ထမ်းလုပ်ငန်းများကဲ့သို့ မရှိမဖြစ်သော လုပ်ငန်းတစ်ရပ်ပင် ဖြစ်တော့သည်။
ထိုခေတ်က မိန်းမတိုင်းလိုလိုပင်မျောက်မွေးသည်။ မမွေးသောမိန်းမသည် ခေတ်မမှီချေ။ ဘုရင်မအနားတွင် ကပ်ရပ်ခစားနေသော သူကောင်းကြီးငယ်တို့သည် မိန်းမဦးထုပ် ဆိုင်ရှင်များနှင့် အဆက်လုပ်ထားကြပြီးလျှင် သွားလာဝင်ထွက်နေကြသည်။ သူတို့ မျက်စိကျသော မိန်းမကို နန်းတော်တွင်းသို့ ခေါ်သွင်းလာလေ့ရှိသည်။ အယ်လစ်ဇဘက်၏ နန်းရင်ပြင်၌ ထိုသို့အခွင့်ကောင်း စောင့်မျှော်နေသော မိန်းမဦးရေသည် မနည်းလှချေ။
ထိုမျှမကသေး လိင်တူချင်းသံဝါသပြုမှုသည် အလွန်ပေါများသည်။ အထက်တန်းစား သူကောင်းကြီးများတွင် အချစ်တော် လက်ပါစေလူပျိုကလေးများရှိတတ်သည်။ အဆိုပါ စိန်ပေါလမ်း၌ ယောက်ျားပြည့်တန်ဆာ များသည် မိန်းမပြည့်တန်ဆာများနှင့် ပခုံချင်းယှဉ်ကာ ဧည့်သည်ရှာနေကြသည်ဟု ဆို၏။
ရှိတ်စပီးယားသည် သူ့ပြဇာတ်များ၌ မိန်မလျာများကို မိန်းမဇာတ်ကောင် များအဖြစ် အသုံးပြုလေသည်။ သူကိုယ်တိုင် ထိုမိန်းမလျာများနှင့် မကင်းရှင်းဟု သမိုင်းဆရာ အချို့ကဆိုသည်။ ရှိတ်စပီးယားသည်လည်း အဲလစ်ဇဘက်ခေတ်က ဆိုးပေကြီး တစ်ဦးဖြစ်ပေသည်။
ထိုခေတ်က အပျိုစင်ဘ၀ကို အထူးအလေးထားလေးစားကြသည်ကား မှန်ပေ၏။ အကြောင်းရင်းမှာကား အပျိုစင်အလွန်ရှားသောကြောင့်ဖြစ်သည်။ ကလေးများ အသက် ၇-၈နှစ်အရွယ်မှာပင် စေ့စပ်ထားပြီး ၁၂-၁၃ အရွယ်ရောက်သော် လက်ထပ်ပေးစားလိုက်ကြသည်။ ပေးစားပြီးမကြာမီပင် လင်နှင့်မယား ထင်ရာ စိုင်းကြတော့သည်။ လင်က အမြှောင်ထားပြီး မယားက မျောက်မွေးသည်မှာ မထူးဆန်းကြတော့ချေ။
အယ်လစ်ဇဘက်ဘုရင်မသည် ရာဇ၀င်တွင် အထင်အရှားတွဲခဲ့သော သူကောင်းများစွာ ရှိလေသည်။ နန်းမတက်မီ အပျိုဖော်ဝင်စက ရေတပ်ဗိုလ်ချုပ် လော့ဒ်ဆီးမိုးနှင့်တွဲသဖြင့် သူ့ကိုရုံးတင်စစ်ဆေးရန် လော့ဒ်ဆီးမိုး၏အစ်ကို နန်းရင်ဝန်ကြီး လော့ဒ်ဒလေးက စီစဉ်လိုက်သေးသည်။ နောက်မကြာမီပင်လျှင် ရုံးတင်စစ်ဆေးမည့် လော့ဒ်ဒလေးသည် သူ့အလိုသို့လိုက်ရသော အချစ်တော်တစ်ဦး ဖြစ်သွားလေသည်။ သူနန်းတက်ပြီးသောအခါ ဥရောပတိုက်ရှိ ထီးဆောင်းမင်းတို့က လက်ဆက်၍နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်း ဖောက်ရန် တောင်းဆိုကြသေးသည်။ သူက တစ်ဦးဦးနှင့်လက်ထပ် ထိမ်းမြားလိုက်ပါမူ သူ့သြဇာ ပျက်ပြားမည်ကို ကြိုတင်သိရှိသည့်အလျောက် တစ်သက်တာတွင် မည်သူ့ကိုမျှ စုလျားရစ်ပတ် ထိမ်းမြားခြင်းမပြုတော့ပါဟု ကြေညာထားလိုက်လေသည်။ ထိုသို့ကြေညာချက်အရ သူ့အား (Virgin Queen) အပျိုစင်ဘုရင်မ ဟူသော ဘွဲ့နာမဖြင့် မော်ကွန်းတင်ကြကုန်၏။
မည်သို့ပင် ဆိုစေကာမူ အင်္ဂလန်ပြည်သည် ထိုခေတ်က စာပေအနုပညာအရပ်ရပ်တို့ အထွန်းကားဆုံး ဖြစ်ခဲ့သည်။ ကိုလိုနီနယ်သစ်များရရှိခဲ့သည်။ စီးပွားရေးတိုးတက်ရန် လမ်းစများ ပွင့်ခဲ့သည်။
တက်တိုး၏ ကမ္ဘာ့ဆိုးပေကြီးများစာအုပ်မှ တင်ပြပါသည်။
6 Comments:
ဒါဖြင့် အယ်လ်လိဇဘက် ဘုရင်မ အဖြစ် ကျော်ကြားတာ ဘာဖြစ်လို့ပါလိမ့်။ ဒီဒုတိယအယ်လ်လိဇဘက်ခေတ်ရောက်တော့ ဘာလို့ ပထမ ဘုရင်မကို သတိရကြတာပါလိမ့်။ ဒါဆို မကောင်းမှုမှာမွေ့လျော်ဖို့ သူတို့တွေ အာသီသ ရှိကြလို့ပေါ့။ အဲဒီပြည်ကြီးကတော့ မပျက်ပြားခဲ့ဘူးနော်။ အဲဒါ လျှို့ဝှက်ချက်ပဲ။ (ထင်ရာ ရေးသွားတာပါ အစ်ကိုစိုင်း) နည်းနည်းခေါင်းကုတ်ပြီးတော့လေ ဟီးးးး
အဲ့ဒီလိုဆိုရင်ယောက်ကျာင်္တို့မိန်းမတို့
မရသေးရင်အပျိုစင်..လူပျိုစင်လို့ပြောလို့
ရတာပေါ့နော်စိုင်းစိုင်းးး
တချက် ပြောချင်လို့ ရှိတ်စပီးယားအကြောင်း ငါတို့သင်ရတာကျတော့ လေ ရှိတ်စပီးယားရဲ့ပြဇာတ်တွေမှာ မိန်းကလေးမသုံးတာပါ ယောက်ျားလေးတွေပဲ သုံးပါတယ် ပြသနာတက်မှာစိုးလို့ လို့ပြောတာပဲ ပြီးတော့ ဘာလဲမသိဘူး ဥပဒေ တွေဘာတွေ ရှိလို့လို့ ပြောတာပဲ သိဘူးဟယ် နင် ရေးသွားတာတော့ ဖတ်လို့တော့ ကောင်းတယ် ဟ နော်
ကျေးဇူးပါ
ခံစားမူတော့ရှိရမယ်
gg
Post a Comment
Subscribe to Post Comments [Atom]
<< Home