Monday, October 5, 2009

ခေမရဌ်သို့ တစ်ခေါက်

အလုပ်က ကိစ္စနဲ့ ရျှမ်းပြည်အရှေ့ပိုင်းရဲ့မြို့တော် ကျိုင်းတုံကို ရောက်ခဲ့ပါတယ်။ မရောက်တာ တစ်နှစ်လောက်အတွင်း နည်းနည်းတော့ ပြောင်းလဲသွားပါတယ်။ ပထမဆုံးကတော့ လမ်းအသုံးပြုခ ကောက်ခံတဲ့ တိုးဂိတ်ကြေးတွေ များလာပါတယ်။ အရင်က ကျိုင်းတုံ-တာချီလိတ် ကားငယ်တစ်စင်းကို လမ်း အသုံးပြုခ ၄၅၀၀ကျပ် သာကျပါတယ်။ အခုတော့ ၈၂၅၀ ကျပ် ကျပါတယ်။ နှစ်ဆလောက်တက်သွား ပါတယ်။


အဲလိုတိုးဂိတ်တွေ သုံးခုဖြတ်ရပါတယ်။ တာချီလိတ်အထွက်မှာတစ်ဂိတ်၊ တာလေမှာ တစ်ဂိတ်နဲ့ ကျိုင်းတုံ အ၀င်မှာတစ်ဂိတ်ဖြစ်ပါတယ်။

ကျိုင်းတုံ-တောင်ကြီး၊ ကျိုင်းတုံ-မိုင်းလား၊ ကျိုင်းတုံ-တာချီလိတ် လမ်းသုံးခွဆုံတဲ့ မြို့လယ်က လမ်းဆုံ
ကပြည်ထောင်စုကျောက်တိုင်ပါ။





ကျိုင်းတုံရဲ့ တန်ခိုးကြီးဘုရား မဟာမြတ်မုနိပါ။ တစ်ခါဝင်ဖူးရင် နောက်တစ်ခါ ထပ်ဖူးရပါတယ်တဲ့။ ကျွန်တော်ကတော့ ရောက်တိုင်းဝင်ဖူးလို့လားမသိပါ။ ကျိုင်းတုံကို အနည်းဆုံးတစ်နှစ်တစ်ခေါက် ရောက်ပါတယ်။



ဒါကတော့ ရွှေညောင်ပင်နားက ကျိုင်းတုံစော်ဘွားရဲ့ အုတ်ဂူပါ။ သမိုင်းဝင်နေရာတစ်ခုပေါ့



ဒါကတော့ ဟိုး... စော်ဘွားခေတ်က ကျိုင်းတုံမြို့ရိုး ဟောင်း ၀င်ပေါက်ဂိတ်ဝ ဖြစ်ပါတယ်။။
အခု ပ.ယ.က ရုံး(အရင်ဆေးရုံ)နားမှာပါ။ ခုတော့မြို့လယ်ဖြစ်နေပါပီ။



နောင်တုံကန်နဲ့ နောက်ကဘုရားကတော့ ရှမ်းတို့ရဲ့ သမိုင်းဝင် စွန်တောင်းဘုရားဖြစ်ပါတယ်။



ကျိုင်းတုံ-မိုးနဲ ရထားလမ်းစီမံကိန်းတစ်နေရာပါ။ ကျိုင်းတုံအထွက်နားက ကျိုင်းဖောင်းချောင်းနားမှာပါ။


အဲဒီက အပြန် တက္ကသိုလ်ဝင်မလို့ကြည့်တော့ ကျောင်းကြီးက တိတ်ဆိတ်စွာပဲ တံခါးပိတ်ထားပါတယ်။ (သီတင်းကျွတ်ကျောင်းပိတ်မို့ထင်ပါသည်။)



ဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီးပါ။ ဘုရားကြီးကိုဝတ်ချပြီး.......



ကိုယ်တည်းတဲ့၊ သူရဲချောက်တယ်နာမည်ကြီးတဲ့၊ စော်ဘွားတွေရဲ့ ဟော်နန်းဟောင်း ၊ ကျိုင်းတုံဟိုတယ်သစ် ကိုပြန်ခဲ့ပါတော့တယ်။






4 Comments:

At October 5, 2009 at 4:40 AM , Anonymous meemee said...

I miss my hometown....

 
At October 5, 2009 at 11:19 AM , Blogger ဝက်ဝံလေး said...

ဒုတိယ ပုံက ကိုအတ္တများလား ဟိဟိ

 
At October 5, 2009 at 11:22 AM , Anonymous ကြည် said...

ရောက်ဖူးခဲ့တဲ့နေရာလေးတွေကို အလွမ်းပြေလာကြည့်သွားပါတယ်။

 
At January 7, 2010 at 7:39 AM , Blogger yeenoon said...

သမိုင်းဝင်တဲ့နေရာကျန်သေးလို့ထင်တယ်
ငွေညစ်တဲ့နေရာကလေးရော မေ့ကျန်နေပြီထင်ပါရဲ့
မောတော်ဘီကေတွေက ပိုက်ဆံညစ်တယ်သိလား
ရှမ်းတိုင်းရင်းသားတွေက ဗမာစကားမတတ်လို့ ဘီလူးမျက်နှာဖုံးတပ်ထာားတဲ့ မော်တော်ဘီကေဆိုတဲ့ကောင် အခွင့်ကောင်းပေါ့ဗျာ
ကျိုင်းတုံမြို့မှာ ကျတဲ့ လူကြီးတိုင်းဟာ ချမ်းသာကြတယ်
စဉ်းစားကြည့်ပေတော့ ဘယ်လိုချမ်းသာသလဲ....................................................
ကျိုင်းတုံမြို့ခံတစ်ယောက်ရဲ့ခံစားချက်ဘဲ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home