Saturday, October 17, 2009

ကုသိုလ်

အသက်ရှည်စေသောကုသိုလ်များ
 (၁) ရေစစ်လှူဒါန်းခြင်း
 (၂) ဆေးဝါးလှူဒါန်းခြင်း
 (၃) ကျောင်း ဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း
 (၄) ငါးပါးသီလကို အမြဲစောင့်ခြင်း
 (၅) သီတင်းနေ့တိုင်း ရှစ်ပါးသီလစောင့်ခြင်း
 (၆) ကျောင်းသစ် ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်း တို့ဖြစ်သည်။

လင်္ကာဆောင်ပုဒ် -
         ရေစစ် ဆေး ကျောင်း
         အဟောင်းပြုပြင်  ပဉ္စင် အဋ္ဌ
         ဤခြောက်ဝ မုချ သက်ရှည်ကြောင်း

ကုသိုလ်ကြောင့်လူဖြစ်လာသည်ဖြစ်၍
လူနှင့်ကုသိုလ် ၊ ကုသိုလ်နှင့်လူသည်
ခွဲ၍မရပေ။
ကုသိုလ်လမ်းပျောက်ကွယ်သွားသည်နှင့်
လူသည် လူလမ်းကြောင်းမှ ဖယ်ခွါသွားရမည်ဖြစ်သည်။
    (တိပိဋကဓရ ယောဆရာတော်)

ကုသိုလ်ကို ဘယ်တော့မှ မမေ့ရ
ကုသိုလ်ကို ကိုယ်ကမေ့ရင်
ကုသိုလ်က ကိုယ့်ကိုမေ့လိမ့်မည်။
ကုသိုလ်က ကိုယ့်ကိုမေ့လျှင်
ဘေးတွေ့လိမ့်မည်။
    (ရွှေဟင်္သာတောရစံကျောင်းဆရာတော်)

4 Comments:

At October 17, 2009 at 9:55 PM , Anonymous ဆောင်းမြူခိုး said...

ကုသိုလ်ဆိုလို့ ပါဠိ အခေါ်အဝေါ်တွေနဲ့ တော့ တွဲရက် မမှတ်မိဘူး
ရိုးရိုးလူစကားနဲ့ ပြောရရင် .. လူသွားလူလာများလို့  ဗွက်ထနေတဲ့နေရာမှာ ... လူတွေ သွားရလာရ အဆင်ပြေပါစေတော့ဆိုပြီး အနားမှာ ရှိတဲ့ နွားခေါင်းအရိုးတစ်ခု ဗွက်ထဲချ ခင်းပေးခဲ့ဖူးတဲ့ စေတနာကုသိုလ်ကြောင့် သေပြီးနောက်မှာ နတ်မြင်းပျံ အဖြူကြီး စီးရတယ်တဲ့လေ...
ကောင်းကောင်းမမှတ်မိတော့ဘူး..သူပြုခဲ့တဲ့ အကုသိုလ်တစ်ခုကြောင့် သူ့ မှာ အဝတ်မရှိဘူး .. အတ္တ..နင်သိရင် ဆက်ပြောပြဟာ.. ငါမေ့သွားပြီ...

 
At October 18, 2009 at 7:07 AM , Blogger ballonlay said...

အသက်ရှည်စေသောကုသိုလ်များ အတွက် ကျေးဇူး
ဘ၀အလင်း ပညာဥာဏ်အလင်း ထွန်းလင်းတောက်ပအောင် ဘယ်လိုကုသိုလ်တွေ လုပ်ရမလဲဆိုလဲ တင်ပေးပါအုံး အတ္တရေ...

 
At October 18, 2009 at 10:14 AM , Anonymous ဝက်ဝံလေး said...

ငါထင်တယ် ဆောင်းရေ သူက သူငယ်ချင်းတွေကို နောက်ချင်လို့ ရေချိုးနေတုံး အဝတ်အစားတွေ ခိုးပြေးဖူးတယ် အဲဒီကံကြောင့် သူ့မှာ အဝတ်မရှိတာ အဲဒါ ကိုနင်ပြောတာထင်တယ် မသိဘူးနော်

အတ္တရင် သိရင်ဆက်ရှင်းပြပေးလိုက်ပါဟ

 
At October 18, 2009 at 7:21 PM , Blogger အတ္တ said...

ငှက်ပြောတာ ဟုတ်တယ်ဆောင်းရ။

 

Post a Comment

Subscribe to Post Comments [Atom]

<< Home