Wednesday, October 14, 2009

သစ်တစ်ပင်တောင်

 ကျိုင်းတုံကိုပဲ ခရီးထွက်တော့ ဧည့်သည်တွေကို လိုက်ပို့ဖြစ်ခဲ့တဲ့ နေရာတွေပါ။ သစ်တစ်ပင်တောင်ဆိုတာ ဟိုး.... ရှေးရှေးတုန်းကတည်းကတော့ အဲလိုခေါ်ခဲ့မယ် မထင်ပါဘူး။ အခုမှ သစ်ပင်ကြီးကြီး တစ်ပင်တည်းကို အစွဲပြုပြီး ခေါ်ကြတာဖြစ်မယ် ထင်ပါတယ်။ ကျိုင်းတုံရဲ့  ကုန်းသုံးကုန်းမှာ တစ်ကုန်း အပါအ၀င်လည်းဖြစ်ပါတယ်။

သစ်ပင်ကြီးက ကြီးလွန်းတော့ အကုန်လုံးပါအောင် ကင်မရာက မဆန့်ဘူးဖြစ်နေတယ်။ :D
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်က အလောင်းမင်တရားကြီး စိုက်ခဲ့တာလို့ ပြောကြပါတယ်။

ဒီဆိုင်းဘုတ်အရပြောတာနော်... ရမ်းပြောတာမဟုတ်ဘူး။


ဗမာလိုမတတ်တဲ့သူများ ဒီမှာလည်း ဗိုလ်လိုရေးထားတယ်။ :P


သစ်ပင်ကြီးကိုမှီနေတဲ့ အတ္တကတော့ သစ်ပင်ကြီးနဲ့စာရင် သေးနေပေမယ့် သူ့အတ္တကတော့ သစ်ပင်ရဲ့ ဆယ်ဆတောင် ကပါ့မလားမသိ..။

ကျိုင်းတုံရဲ့ view လိုချင်သူ အဝေးရောက် ကျိုင်းတုံသူ/သားများ soelintck@gmail.com သို့ မေးလ်ဖြင့်တောင်းယူနိုင်ပါကြောင်း ...။



2 Comments:

At October 14, 2009 at 11:50 PM , Anonymous ကျော်ကျော်အောင် said...

သစ်ပင်ထက်အတ္တကကြီးသလား
မကြီးသလားတော့မသိဘူးအဝေး
ကနေစိုင်းစိုင်းကိုကြည့်တာတော့
ဗိုက်ဗိုက်ကြီးကကြီးနေသလိုဘဲဟိဟိ

 
At October 15, 2009 at 7:49 AM , Blogger ဝက်ဝံလေး said...

ကော်ကျိုပြောတာကို ထောက်ခံပါတယ် အတ္တရေ ဝိတ်လေးဘာလေး လျှော့ဟဲ ဟိဟိ ဆရာလုပ်လိုက်ဦးမယ် သူများတွေကို ဟားဟားးးးးးးးးးး

 

Post a Comment

Subscribe to Post Comments [Atom]

<< Home