Friday, October 9, 2009

ကြိုး

ခုတလော လေးဖြူရဲ့ သံယောဇဉ် ဆိုတဲ့ သီချင်းက အလိုလို ပါးစပ်ထဲ ညဉ်းနေဖြစ်ပါတယ်။ ဘာကြောင့်မှန်းလည်း မသိ။ ဟော....ရေးရင်းတောင် စိတ်ထဲမှာ သံယောဇဉ်......သံယောဇဉ်.....ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်... ဆိုနေပြန်ပီ။
ဒါနဲ့ သံယောဇဉ်ကို အတွေးနယ်ချဲ့မိပါတယ်။

သူ့မူရင်းကတော့ ပါဠိစကားပါ။
သံယောဇန (န) (သံ√ယုဇ်+ယု)  အနှောင်အဖွဲ့။ ဝဋ်ဆင်းရဲ၌ ယှဉ်တတ်သော တရား။ ဝဋ်ဆင်းရဲ၌ ဖွဲ့ချည်တတ်သော ကြိုး။ သံယောဇဉ်။

အဲ ဘုရားဟောမှာတော့ သံယောဇဉ် ဆယ်ပါးရှိတယ်လို့ ဆိုပါတယ်။ ဗဟုသုတအဖြစ်ပေါ့
သံယောဇဉ် ၁၀ ပါးကား (၁) သက္ကာယဒိဋ္ဌိ၊ (၂) ဝိစိကိစ္ဆာ
(၃) သီလဗ္ဗတပရာမာသ (၄) ကာမစ္ဆန္ဒ (၅) ဗျာပါဒ (၆) ရူပရာဂ
၇) အရူပရာဂ (၈) မာန (၉)ဥဒ္ဓစ္စ (၁၀) အဝိဇ္ဇာ တို့ဖြစ်ကြသည်။

ဒါတွေကိုတော့ ကျွန်တော်လိုက်မမှီပါဘူး။ အဲ...မှီသလောက် တွေးကြည့်မိတာတွေကတော့...

ကြိုးတစ်မျိုးလို့ မြင်ပါတယ်။ မမြင်ရတဲ့ကြိုးတစ်မျိုးပေါ့။ စိုင်းထီးဆိုင်ပြောတာကတော့ ခိုင်ရင်သံကြိုးထက်ခိုင်ပြီး ပျော့ရင် ပိုးကြိုးထက်ပျော့တယ်ဆိုပဲ။ ဆိုတော့ကာ...
အလွန်နုညံ့ခိုင်ခံ့တဲ့ မမြင်နိုင်တဲ့ကြိုးပေါ့ဗျာ......။  သူ့ရဲ့သတ္တိက တွေ့ရာ လှမ်းမီရာ တွယ်မယ် ချည်မယ် တုတ်နှောင် မယ်ပေါ့ဗျာ။ နေရာမရွေးပါဘူး၊ အချိန်မရွေးပါဘူး၊ အသက်အရွယ် မရွေးပါဘူး အဲဒီကြိုးက ရစ်ပတ်ဖွဲ့နှောင်တတ်ပါတယ်။
လူတိုင်းတိုင်းအဲဒီကြိုးရှိကြမယ်ထင်ပါတယ်။ လူတွင်မက စိတ်ရှိတဲ့ သတ္တ၀ါမှန်သမျှ ရှိမယ်ထင်ပါတယ်။ ခွေးလည်း ခွေးအလျောက်  နွားလည်းနွားအလျောက်၊ ကုန်ကုန်ပြောရင် ပုရွတ်ဆိတ်တောင် သံယောဇဉ်နဲ့ မကင်းကြဘူးလို့ထင်ပါတယ်။ တစ္ဆေ၊ သရဲတွေလည်း ရှိကြမှာပါပဲ။ ရှိလို့သာ လူ့ဘ၀က တစ်ယောက်ယောက်ကို ပူးပြီး  ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုတာမျိုးတွေကြားဖူးခဲ့တာပါ။
နောက်တစ်ခုက သက်ရှိနဲ့ သက်မဲ့ သံယောဇဉ်ပါပဲ။ သက်မဲ့ကို သက်ရှိက ငြိတွယ်စွဲလန်းတာမျိုးပေါ့။ ပစ္စည်းတစ်ခုကို ကြာကြာ အသုံးပြုလာတဲ့အခါ သတိမထားမိပါဘူး။ အဲဒီပစ္စည်း ရုတ်တရက် ပြင်မရတော့အောင်ပျက်စီးတာတို့ ကျိုးပဲ့တာတို့ ဖြစ်သွားရင် သူ့ကို စွန့်ပစ်လိုက်ရပါတော့မယ်။ ဒီအခါမှာ မှ အဲဒီပစ္စည်းအပေါ်မှာ ရစ်ပတ် တွယ်ငြိနေတဲ့ကြိုး ရှိမှန်း သိလာရတာပါ။
ဘယ်လိုပဲ ဘယ်အရာပေါ်မှာပဲ သံယောဇဉ်ဖြစ်ဖြစ် အကောင်းထက် အဆိုးသာကိုယ်ခံစားရပါတယ်။ သူတို့ကို သံယောဇဉ်ဖြစ်တော့ သူတို့နဲ့ ပတ်သက်တဲ့ မြင်ရရင်၊ ကြားရရင် ဒါမှမဟုတ် တွေးမိရင် ကောင်းတဲ့အချင်းအရာဆိုရင်တော့ ကျေနပ်ပါတယ်။ ပျော်ပါတယ်။ ဆိုးတဲ့ အချင်းအရာကို မြင်ရ ကြားရ တွေးမိရင်တော့ စိတ်ဟာ ပူလာ ပါတယ်။ ချည်နှောင်တဲ့ကြိုး များရင်၊ ရစ်ပတ်မှုများရင် များသလို အပူများလာပါတယ်။ နည်းရင်နည်းသလို အပူနည်းပါတယ်။ မဆိုင်ရင်တော့ လုံးဝ မပူပါဘူး။
အပူဆိုတာ သူ့ရဲ့ဂုဏ်သတ္တိက လောင်ကျွမ်းတတ်တဲ့ သဘောပါ။ ပူရင် ဘယ်လိုပဲပူပူ အဲဒီအပူဟာ ကိုယ်ရော စိတ်ပါ လောင်ကျွမ်းခံရ ပါတော့တယ်။ ပန်းပွင့်လေးများ နေလောင်သွားရင် ညှိုးသလိုပါပဲ စိတ်ပူရင် ကိုယ်ပါလောင်တယ်။ စိတ်ညှိုးတော့ ကိုယ်နွမ်းဆိုသလို ကိုယ့်ရဲ့ စွမ်းရည်တွေ လျော့လာပါတယ်။ ဒါ ကိုယ်ခင်တဲ့ ချစ်တဲ့ မြတ်နိုးတဲ့ အရာလေးတစ်ခုခု(သက်ရှိ or သက်မဲ့) ပျက်စီး သွားတာကြောင့် ရရှိတဲ့ အကျိုးပါ.....။

ဖြတ်တောက်ဖို့ကြိုးစားရင် ပိုပိုပြီး တင်းလာရစ်လာပါတယ်။
ရုန်းထွက်ရင်လည်း ထပ်ထပ်နစ်တယ်လို့ လေးဖြူကလည်း ပြောထားပါတယ်။ နောက်ဆုံး လူကို အရူးတပိုင်းတောင် ဖြစ်သွား စေနိုင်ပါတယ်..တဲ့။

သံယောဇဉ်( လေးဖြူ )

မတွေးချင်လည်း ပြန်တွေးနေမိ၊ မေ့ရင်လည်း ပြန်သတိရသည်
အမှတ်မရှိသေးဘူး သံယောဇဉ်...

မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ ၊ မှားနေလည်းငါဆက်မှားမိ
ဒုက္ခများကုန်ပြီ....

ရုန်းထွက်ရင်းနဲ့ ထပ်ထပ်နှစ်ခဲ့ ၊ ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်...

သံယောဇဉ် .... သံယောဇဉ်...
ငါလေ အပျက်အပျက်နဲ့ သွေးထွက်ခဲ့တယ်

သံယောဇဉ် ... သံယောဇဉ်...
လူကို အရူးတစ်ပိုင်း ဖြစ်စေခဲ့

သံယောဇဉ် ... သံယောဇဉ်...
နေမြင့်လို့ အရူးရင့်ခဲ့တယ်

( ဒီသံယောဇဉ် )

အိုး... သံယောဇဉ်

မကြားချင်လည်းငါ ကြားယောင်မိ ၊ မသွားချင်လည်းငါ ဆက်သွားပြီ
အစိုးမရတဲ့စိတ်ကြောင့် ငါခက်ပြီ...

မမွှေးသင့်ပဲ ငါမွှေးတဲ့မီး၊ မတိုးချင်လည်းငါ ဆက်တိုးပြီ
ငါ့ဘ၀ ကျွမ်းလောင်ပြီ...

ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နှစ်ခဲ့၊ ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ခက်တဲ့ .... သံယောဇဉ် ...

သံယောဇဉ် သံယောဇဉ်
ငါလေ အပျက်အပျက်နဲ့ သွေးထွက်ခဲ့တယ်

သံယောဇဉ် သံယောဇဉ်
လူကို အရူးတစ်ပိုင်း ဖြစ်စေခဲ့

သံယောဇဉ် သံယောဇဉ်
နေမြင့်လို့ အရူးရင့်ခဲ့တယ်

( ဒီသံယောဇဉ် )

အိုး... သံယောဇဉ်....

နှောင်ဖွဲ့ခြင်း ကင်းသောကြိုးများဖြင့် ချစ်နိုင်ခင်နိုင်ကြပါစေ.......။

10 Comments:

At October 9, 2009 at 9:20 PM , Blogger maylay said...

နှောင်ဖွဲ့ခြင်း ကင်းကင်းနဲ့ ချစ်နိုင်အောင် ကြိုးစားနေပါတယ်

 
At October 10, 2009 at 2:45 AM , Blogger ဝက်ဝံလေး said...

အယ် မသိလို့ သီချင်းလား တရားဟော ထားတာလား ဟိဟိ

 
At October 14, 2009 at 5:07 AM , Anonymous ကိုကိုမောင်မောင် said...

စိုင်းစိုင်း လူတိုင်းလူတိုင်းရေးရမှာလေ
လူတိုင်းတိုင်းမဟုတ်ဘူးးး
(ဆရာကြီးလုပ်သွားထှာ)

 
At October 14, 2009 at 9:48 PM , Anonymous ဆောင်းမြူခိုး said...

သိတယ်..သိတယ်..မရှိတာ..မရှိတာ..ဟောဒီ ငမိုက်သားကြီးပေါ့..သံသရာကြောမှာ မှောက်ရက် ပက်လက် ပျော်ပျော်ကြီးမျောနေတာလေ..အဲ့ဒီအပူတွေ ကြောက်လွန့် လွန်းလို့  ဝေးဝေးရှောင်တာတောင် ရဝူးး..အဲ..ဘယ်သူတရားခံထင်လဲ..နာပဲလေ..နာပဲပေါ့...နာ ဘုန်းကြီးသစ္ဆေကြီး ဖြစ်နေပြီ..

 
At October 17, 2009 at 8:29 AM , Anonymous ballonlay said...

အစိုးမရတဲ့စိတ်ကြောင့် ငါခက်ပီ။
နှောင်ဖွဲ့ခြင်းကင်းကင်းနဲ့ ချစ်ရပါလို၏

 
At August 15, 2013 at 6:44 PM , Blogger Unknown said...

အရေးအသားကောင်းတယ်နောင်ဒိထက်များများရေးပါ

 
At August 15, 2013 at 6:45 PM , Blogger Unknown said...

အရေးအသားကောင်းတယ်နောင်ဒိထက်များများရေးပါ

 
At August 15, 2013 at 6:45 PM , Blogger Unknown said...

အရေးအသားကောင်းတယ်နောင်ဒိထက်များများရေးပါ

 
At August 15, 2013 at 6:45 PM , Blogger Unknown said...

အရေးအသားကောင်းတယ်နောင်ဒိထက်များများရေးပါ

 
At August 15, 2013 at 6:46 PM , Blogger Unknown said...

အရေးအသားကောင်းတယ်နောင်ဒိထက်များများရေးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home