သီချင်းထည့်ခြင်း
၁) အရင်ဆုံး တင်မဲ့သီချင်းကို upload ဖို့ http://www.fileden.com မှာ အကောင့်ဖွင့်ပြီး ရီဂျစ်စတာလုပ်ပါ။ ပြီးရင် သီချင်းကို upload ပါ။ အပ်လုပ်ပြီးရင် သီချင်းရဲ့ လင့်တွေတွေ့ပါလိမ့်မယ်။ လင့်ကိုယူပြီး ကိုယ်ဘလော့ဂ်မှာ ထည့်လိုက်ရုံပါပဲ။
၂) မြှားအပြာပေါ်ဖို့ရာ code တစ်ခု ထည့်ရပါမယ်။ ဘလော့ဂ်ရဲ့ HTML ထဲက bodyနဲ့ /head ကြားမှာဒီကုဒ်လေးထည့်ပါ။
(script src='http://del.icio.us/js/
အဆင်ပြေသွားလိမ့်မယ်။
ဆိုပီး အစ်မအိမ်မှာ သီချင်းတင်နည်းရေးထားတာရှိပါတယ်။
(http://nineninesanay.blogspot.com/2008/08/blog-post_09.html)
ဒါပေမယ့် အဲဒီကုဒ်ထည့်တာ နေရာလွဲနေရင် အလုပ်မလုပ်ပါဘူး။ HTML အကြောင်းကို လုံးဝမသိတဲ့သူဆို ပိုဆိုးပါတယ်။ ရှာရတာ ခေါင်းမူး ချွေးပြန်အောင်ရှာရပါတယ်။ ကျွန်တော့လို လူပြိန်းများ အဆင်ပြေအောင် ထပ်ပီး အသေးစိတ်ရှင်းပြပေးပါမယ်။
Fileden .com မှာ အကောင့်လုပ်ရတာက မခက်ပါဘူး။
ကုဒ်ကို ထည့်ရတာက လက်ဝင်ပါတယ်။ ဦးစွာ ကိုယ့်ဘလော့ကို ၀င်လိုက်ပါ။
ပြီးတော့မှ Layout--- Edit HTML ကိုသွားပါ။ အဲဒီရောက်ရင် ရှုပ်ထွေးနေတဲ့ကုဒ်တွေ၊ နားမလည်တဲ့ဟာ တွေကိုတွေ့ရလိမ့်မယ်။ အောက်ဆုံးအထိ သွားလိုက်ပါ။ (/html) ဆိုတဲ့အောက်ဆုံး ကနေ အပေါ်ကို စာကြောင်း လေးဆယ်လောက် ပြန်တက်လာပါ။စာကြောင်းရေတာမှာ စာရှိတဲ့စာကြောင်းကိုပဲ ရေရမှာပါ။ အဲဒီမှာ (/head) နဲ့ (body)ကြားထဲကို အောက်က ကုဒ်လေး ထည့်လိုက်ပါ။
(script src='http://del.icio.us/js/
ကွင်းစ ( ကွင်းပိတ် ) နေရာမှာ < နဲ့ > အစားထိုးပြောင်းပေးပါရန်။
ပုံမှာပြထားတဲ့အတိုင်း ထည့်ရင်ရပါပီ။ပြီးရင် save template နှိပ်ပေါ့ဗျာ။
နောက် page elements ကိုသွားပါ။ add a Gadget နှိပ်ပါ။
အဲဒီ ထဲက Link List ဆိုတာကို ရွေးနှိပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမယ်။
ပုံမှာပြထားတဲ့အတိုင်း ဖြည့်ပီးသွားရင် add link ဆိုတာကိုနှိပ် ပီးတော့ save လုပ်ပီးထွက်လိုက်ပါ။ ကိုယ်ထည့်တဲ့ gadget နေရာမှာ ပလေယာနဲ့ သီးချင်းတွေ့နေရပါပီ။
အဆင်ပြေကြပါစေ။
5 Comments:
တစ်ကွတစ်..အဲ့ဒီအတိုင်းလုပ်ကြည့်
လိုက်အုံးမယ်..ဘယ်လိုနေလဲလို့
အခုလိုသင်ပြပေးတဲ့အတွက်ရှဲ့ရှဲ့
စိုင်းစိုင်းရယ်နာတစ်ကယ်ရူး
ချင်သွားပြီဘာတွေဖြစ်ကုန်
ပြီလဲသိတော့ဘူးးးဟင့်..ဟင့်
အယ် ကော်ကျိုရူးပြီလား ဆေးရုံပို့ ဟားဟားးးး
ခုငါမရူးတော့ဘူးအောင်မြင်သွားပြီ ကျေးဇူး
အကြီးကြီးကိုတင်လိုက်ပြီစိုင်းစိုင်းရေ
မှတ်ချက်(အလကားရတိုင်းကျေးဇူးတင်ခြင်း
မဟုတ်ပါ)ပိုက်ဆံမပေးရလို့ဖြစ်ပါသည်)
အလကားစတာနော်
ကော်ကျို ပျော်သလို ကျွန်တော်လည်းထပ်တူခံစားရပါသည်။
Post a Comment
Subscribe to Post Comments [Atom]
<< Home