Monday, March 22, 2010

အမှတ်တရ ပုဂံ

ဇာတိမြေကို အလည်ပြန်ရင်းနဲ့ အပြန်မှာ ပုဂံဘုရားတွေဖူးဖို့ ခဏ ၀င်ခဲ့ပါတယ်။
 အညာမြေရဲ့ အမှတ်သညာဖြစ်တဲ့ ထန်းပင်တွေဖြစ်ပါတယ်..။ ထန်းရည် ထန်းလျက်ကတော့ ကားလမ်းဘေး ၀ဲယာ တစ်လျောက် မှာ ထန်းရွက်တဲလေးတွေ ထိုးပြီး ရောင်းကြပါတယ်။

ပုဂံဘုရားတွေဟာ ဆွဲဆောင်မှုအား ကြီးလွန်းပါတယ်...။ ဘုရားတစ်ဆူတစ်ဆူထဲ ၀င်ပြီးရင် ပြန်မထွက်ချင်လောက်အောင် ကို ဆွဲဆောင်မှုအားကောင်းပါတယ်...။ (ဒါက ကျွန်တော့ခံစားချက်ပါ လူတိုင်းအဲလိုဖြစ်ချင်မှ ဖြစ်မှာပါ)

ကျောင်းတုန်းက ခဏခဏ သင်ခဲ့ရတဲ့ ရာဇကုမာရ်ကျောက်စာလို့ ခေါ်တဲ့ မြစေတီကိုတော့ သဘောအကျဆုံးပါ...။ မိဘကျေးဇူးကို လွန်စွာမှ သိတတ်တဲ့ မင်းသားတစ်ပါရဲ့ အလှူကို ရေးထိုးထားတဲ့ ကျောက်စာဖြစ်ပါတယ်...။

မြန်မာ ၊ ပျူ ၊ ပါဠိ ၊ မွန် လေးဘာသာနဲ့ ရေးထိုးထားပါတယ်။
သူဟာ ထီးနန်းစည်းစိမ်ကို မမက်မောပဲ မိမိဖခင်ကြီး၏ ကျေးဇူးကိုသာ တတ်နိုင်သရွေ့ ဆပ်ကာ အလုပ်အကျွေးပြုလိုတဲ့ မင်းသားတစ်ပါးအဖြစ် ကျောင်းတုန်းက သင်ခဲ့ရပါတယ်..။ 
နောက် အဆိုပါအလှူကို လှူဒါန်းရတဲ့ အတွက် တစ်ခြားဘာဆုကိုမှ မတောင်းပဲ သဗ္ဗေညုတဉာဏ်ရခြင်း၏ အကြောင်းအထောက်အပံ့ကို ဆုတောင်းခဲ့ပါသည်။ ထို့ကြောင့် ရာဇကုမာရ်မင်းသားသည် ဘုရားလောင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ မင်းစည်းစိမ်ကိုလည်း စိတ်စားခြင်း မရှိသောကြောင့် ဖြစ်နိုင်ပေသည်။ 

ထို့အပြင် ရာဇကုမာရ်သည် မင်းအဖြစ်ကိုရနိုင်ပါလျှက် မိမိဖခင်ကျန်စစ်မင်းကြီး၏ ကတိကိုတည်စေခြင်းငှာ ထိုမင်းအဖြစ်ကို စွန့်လွှတ်ခဲ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို လေးစားပါတယ်။ ချီးကျုးပါတယ်။ လူသာမန်တွေမှာ မလုပ်နိုင်တဲ့ ဘုရင်ဆိုတဲ့ နေရာကို သူ လစ်လျူရှုနိုင်ခဲ့ပါတယ်။

2 Comments:

At March 22, 2010 at 2:49 AM , Blogger Unknown said...

အမှတ်တရ ပုဂံပုံရိပ်လေးတွေအတွက် ကျေးဇူးပါကိုစိုင်း ။

 
At March 5, 2011 at 12:29 AM , Anonymous Anonymous said...

ဒေါ်မာမာအေး ရဲ့ စပျစ်သီးလေးတွေချိုတယ်ဆိုလို့ ဟုတ်မဟုတ် ယူသွားခဲ့ပါတယ် ။ ချို တဲ့အရသာတာထက်ကောင်းတဲ့ လွမ်းတဲ့အရသာ ပါ ရခဲ့တဲ့အတွက် ကျေးဇူးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home