စူဠသောတာပန်ဥာဏ်နှင့် မြတ်ဗုဒ္ဓ၏အလုပ်ပေးတရားတော်
မြတ်စွာဘုရားရှင်ရဲ့ တရားတော်များကို လူအများနားလည်လွယ်အောင် လက်လှမ်းမီသမျှ ခေတ်သိပ္ပံအမြင်နဲ့ ယှဉ်ပြီး စုဆောင်းတင်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
မြတ်စွာဘုရားအလိုကျ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ဖို့ရန် လိုအပ်အပ်ချက်များ ၊ ကမ္ဘာပျက်ပုံ၊ ကံအကြောင်း၊ စကြ၀ဠာအကြောင်းတွေနဲ့ အပါယ်လေးဘုံအကြောင်းနဲ့ အပါယ်သို့သွားရတဲ့ အကြောင်းရင်းတွေကို ထဲထဲဝင်ဝင် တင်ပြထားပါတယ်။
ဒါအပြင် တရားအားထုတ်တဲ့ ယောဂီသူတော်စဉ်တို့ သိသင့်သိထိုက်တဲ့ အချက်အလက်များကိုလည်း တင်ပြထားပါသေးတယ်။
နိဗ္ဗာန် ၊ အရှုခံခန္ဓာငါးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဓာနိယင်္ဂတရားငါးပါး၊ ရှေ့စိတ်နဲ့ နောက်စိတ် စတဲ့ သိသင့်သိထိုက်တဲ့ တရားများကို ရှင်းလင်းပေးထားပါတယ်။
နောက် သတိပဋ္ဌာန်တရားအားထုတ်နည်း ၊ အချိန်တိုင်းတရားအားထုတ်နည်း တို့ကို တင်ပြထားပါတယ်။
ဒါပြင် စာရေးသူက အဲဒီစာအုပ်ကို Copyright ပေးထားပါတယ်။ မည်သူမဆို ကူးယူပုံနှိပ်ခွင့်ပေးထားပါတယ်။ တရားဓမ္မကို ပြန့်ပွားစေချင်တဲ့ ဆန္ဒနဲ့ပါ။
စူဠသောတာပန်ဥာဏ်နှင့် မြတ်ဗုဒ္ဓ၏အလုပ်ပေးတရားတော် (အပါယ်ကင်းလွတ်ရေးတရား) ကို ကလစ်နှိပ်ပီး ဒေါင်းလို့ရပါတယ်။
အတ္တလည်း ကုသိုလ်ဖြစ်ကြော်ငြာပေးတာပါ... ။ တစ်ဦးတစ်ယောက် ဒီစာအုပ်ကိုဖတ်ပီး နိရောဓ ဖြစ်သွားရင် တင်ပေးရကျိုးနပ်ပါပီ...။
2 Comments:
ကျေးဇူးဘဲ ... ကျနော် ဒေါင်းသွားတယ် .... ညကျမှ ဖတ်မယ် အေးဆေး ...
This comment has been removed by the author.
Post a Comment
Subscribe to Post Comments [Atom]
<< Home