အမြတ်ဆုံးအချစ်
"ကိုယ်ကမချစ်၊ သူက ချစ်၊ ဒီချစ် အမုန်းဆုံး"
( မုန်းစရာပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲနေရသည့် ဆင်းရဲ)
"ကိုယ်ကသာချစ်၊ သူမချစ်၊ ဒီချစ် ဆင်းရဲဆုံး"
( ချစ်စရာပုဂ္ဂိုလ်တို့နှင့် မယှဉ်တွဲ ကင်းကွာနေရသည့်ဆင်းရဲ )
"ကိုယ်ကလည်း ချစ်၊ သူလည်း ချစ်၊ ဒီချစ် အသင့်ဆုံး"
( စိတ်တူကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ အပြစ်ကင်းညီညွှတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)
"ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး"
(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်း မုန်းခြင်း ဆင်းရဲခြင်းမှ လွတ်မြောက်စေရန်၊ သတိပဋ္ဌာန်လေးပါး မြတ်တရားကို၊ ပွားများအားထုတ်နိုင်မှသာ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုကြရသည့်ချမ်းသာ)
ကမ္မဋ္ဌာန်းကျောင်းဆရာတော်
5 Comments:
အမြတ်ဆုံးအချစ်ဖတ်သွားတယ်
"ကိုယ်လည်း မချစ်၊ သူ မချစ်၊ ဒီချစ် အမြတ်ဆုံး"
ဟုတ်ပါတယ် .. ဒါပေမဲ့ ဘယ်လိုပြောရမလဲမသိဘူးးး
if he love..i will love..!
this one aslo the best...!
it means like that ..rgt?
ကွန်မန့် ပေးကြသူအားလုံး ကျေးဇူးပါ...
အမြင်မတူတာကတော့ လူတွေ ကွဲပြားခြားနားကြလို့ပါ.. :D
မှန်၏
Post a Comment
Subscribe to Post Comments [Atom]
<< Home