Friday, January 22, 2010

ဗုဒ္ဓဘာသာကို ကာကွယ်ခြင်း

2009-ခု ဒီဇင်ဘာ 31 ကစပြီးရေးတယ်လို့ ယူဆရတဲ့ ဘလော့ဂ်တစ်ခုက ဘာသာရေးအစွန်းရောက်ပြီး တဖက်သတ် စော်ကားတဲ့ ၊ ဖတ်သူများအား အကုသိုလ်စိတ်ဖြစ်စေတဲ့ စာများကိုသာ ဆက်တိုက် ရေးသား ပါတယ်။ ရေးတဲ့ အကြောင်းအရာများဟာလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေနဲ့ မကိုက်ညီပါဘူး။
သံတူကြောင်းကွဲ၊ ပုံမှားရိုတ်တာတွေပဲ ဖြစ်တယ်ဆိုတာ ပိဋကတ်ပါဠိစာပေကို ကျွမ်းကျင်တဲ့ ဆရာတော်ကြီး တွေ သိကြပါတယ်...။
ကိုယ့်ရဲ့ ဘာသာကိုးကွယ်ယုံကြည်မှုကို လူတိုင်းလွတ်လပ်စွာ ဆောင်ရွတ်နိုင်ပါတယ်။ မိမိကိုးကွယ်တဲ့ ဘာသာ သာသာနာပြန့်ပွားရေးအတွက်လည်း လွတ်လပ်စွာဆောင်ရွက်နိုင်ကြပါတယ်။ ဒါဟာ လူတိုင်းရဲ့ အခွင့်အရေးပါ။ ဒါပေမယ့် ကိုယ်မကိုးကွယ်တဲ့ဘာသာတွေကို တဖက်သတ် စော်ကားတာတော့ မဖြစ်သင့်ပါဘူး။ စော်ကားခံရတဲ့ ဘာသာဝင်တွေက ခေါင်းငုံ့ခံမနေကြပဲ တုံ့ပြန်တာကို ခံရမှာပါ။

ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်။ ကိုယ့်ယုံကြည်မှုကို အများကို မျှဝေတဲ့ စာတွေပဲ ရေးပါတယ်။ အလ္လာရှင်ဘာဖြစ်တယ်၊ တမန်တော်မိုဟာမက် ညာဖြစ်တယ် ။ တစ်ခါမှ မရေးဘူးသလို တွေးလည်းမတွေးဘူးပါဘူး။ သူတို့ကို ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လေးစားပါတယ်။ ပြစ်မှားဖို့ စိတ်ကူးမရှိပါဘူး။ အရင်ကလည်းမရှိဘူး၊ အခုလည်းမရှိဘူး၊ နောင်လည်း မရှိမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘာသာတစ်ခုကိုထူထောင်နိုင်တဲ့ သူတစ်ယောက်ဟာ သာမာန်လူထက်တော့ ပိုတဲ့ အရည်အသွေး အရည်အချင်းတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်မို့ပါပဲ။

အဲလိုပဲ ယေရှုခရစ်ကိုလည်း တန်းတူထားပါတယ်။ သူတို့ဟာ လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေပါပဲ။  ဒီနေရာမှာ လေးစားတာနဲ့ ကိုးကွယ်တာကို ခွဲခြားနားလည်ဖို့ လိုအပ်ပါတယ်။

အဲ ဗုဒ္ဓကိုကျတော့ လေးစားတာထက်ပိုသွားပါတယ်။ ကြည်ညိုတယ်၊ ကိုးကွယ်တယ်။ ကျွန်တော်ထားတဲ့ စိတ်ထားမျိုး ဘာသာအားလုံးက လူတွေ ထားနိုင်ရင် ငြိမ်းချမ်းမှာပါ။ ကိုယ်ယုံကြည်ရာကို အေးအေးချမ်းချမ်းနဲ့ သာသနာပြုနိုင်မှာပါ။

ဒီလိုမှ မဟုတ်ပဲ ဆက်လက် ပြီး အခြေအမြစ်မရှိတဲ့ ရိုင်းစိုင်းတဲ့ စော်ကားတဲ့ စာမျိုးတွေ ဆက်လက် ရေးသားမယ်ဆိုရင်တော့ Blog.com ရဲ့ စည်းမျဉ်းနဲ့ ငြိနေတဲ့အတွက် အရေးယူခံရမှာသေချာပါတယ်။
အဲဒီစည်းမျဉ်းနဲ့ ငြိလို့ တိုင်ချင်ရင် အောက်က လင့်ကိုသွားပီး တိုင်လို့ရပါတယ်။
http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=


အဲဒီ လင့်ကို သွားပီး ပုံထဲကပြထားတဲ့အတိုင်း ကွက်လပ်မှာ -http://messengerforbuddhist.blogspot.com/ ဆိုတဲ့စာကိုရိုတ်ပြီး  Submit ကို နှိပ်လိုက်ရင် ရပါတယ်။

4 Comments:

At January 23, 2010 at 4:28 AM , Blogger ဝက်ဝံလေး said...

ဟုတ်ကဲ့ အတ္တ အဲလိုမျိုးလေး လုပ်ပြီးပါကြောင်း သတင်းပို့ပါတယ်

 
At January 23, 2010 at 4:46 AM , Blogger သုခ said...

အဲ့လို လည်း လုပ်ပြီးပါပြီဗျ.. ပြီးတော့ သူငယ်ချင်းအားလုံးကို လည်း forewords mail ပို့ပြီးပြီဗျ...

 
At January 23, 2010 at 9:57 PM , Anonymous Anonymous said...

တစ်ခါမကပဲခဏခဏကန့်ကွက်ခဲ့ပါတယ်..မရေတွက်နိုင်တော့ပါဘူး အားလုံးလဲတစ်ခါထဲမကပဲအကြိမ်ကြိမ် ကန့်ကွက်သင့်ပါတယ်
အရမ်းကိုဆိုးဝါးလှတဲ့ ၀က်ဆိုက်တစ်ခုပါ..

 
At November 27, 2010 at 4:52 AM , Blogger Aeimt Kabyar Mon said...

ကျေးဇူးတင်ပါတယ်၇ှင်

 

Post a Comment

Subscribe to Post Comments [Atom]

<< Home