ဇာတိမြေသို့
ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ...
ဟိုးတုန်းက ဘုစုခရုစုတွေတောင် ဘယ်အရွယ်တွေ ရောက်လို့ ဘယ်ကျောင်းတွေတက်နေပြီလဲ... အိမ်ထောင်တွေကျလို့ ကလေးတွေ တိုးလိုးတွဲလောင်းနဲ့ဖြစ်နေကြပီလား...
ကိုယ်နဲ့ ရွယ်တူတွေ မတိမ်းမယိမ်းတွေ ကျောင်းနေဘက်တွေ အတန်းတူတူတက်ခဲ့တဲ့သူတွေရော...
အားလုံးရှိကြသေးရဲ့လား...
ကိုယ့်လိုပဲ တော်ရာဒေသတစ်ခုခုမှာ ရောက်နေကြလား...
ကိုယ်ထက်အကြီး အစ်ကိုတွေ ကာလသားဘ၀တုန်းက ဆရာကြီးတွေရော...
ဘယ်လိုနေလို့ ဘယ်လိုစားသောက်နေကြလဲ...
ကိုယ့်ကို စာသင်ပေးခဲ့တဲ့ ဆရာဆရာမတွေရော...ရှိကြသေးရဲ့လား...
ခုလောက်ဆို... ကိုယ့်ကိုသင်ခဲ့တဲ့ဆရာဆရာမ တော်တော်များများ ကျောင်းမှာ မရှိကြတော့ဘူးထင်ပါရဲ့...
စတဲ့ အတွေးပေါင်း လားပေါင်းများစွာနဲ့....
ဇာတိမြေကို ပြန်ဖို့ ရင်ခုန်စွာနဲ့ ခြေလှမ်းတွေကို စရပါတော့မယ်...
ငယ်ငယ်ကကြားဖူးတယ် နွားတွေဟာ မိုးဦးတစ်ချက်ကျရင် သူ့ ဇာတိမြေစားကျက်ရှိတဲ့ အရပ်ဘက်ကို မျက်နှာမူပြီး တွန်တယ်တဲ့...။
အခု ကိုယ်က မတွန်တတ်ပေမယ့် ပြန်ရတော့မယ်ဆိုတဲ့ အတွေးက လူကို နေမထိထိုင်မသာနဲ့ ရင်ခုန်စေပါတယ်...။ စိတ်မှာ ပီတိ သောမနဿ ဇောတွေကတော့ အကြိမ်မရည်တွက်နိုင်အောင်ကို လွှမ်းမိုးလို့နေတယ်...။
ကီလိုမီတာ ထောင်ကျော်ဝေးနေပေမယ့်.. အရှေ့နဲ့ အနောက်ဖြစ်နေပေမယ့်...
Google earth နဲ့ Google maps တွေကိုကြည့်ပီး လမ်းတွေကို မှတ်ရတာက နေ့တဓူဝ အလုပ်တစ်ခု ...
ခုတော့ ဒါတွေကို အသုံးချရတော့မယ်...
အားလုံးအေးချမ်းသာယာရှိကြပါစေ...လို့
ရင်ခုန်စွာဖြင့်...နှုတ်ဆက်ရင်း....
1 Comments:
ငါလည်း မိုးဦးတစ်ချက်ကျရင် ငါ့ ဇာတိမြေစားကျက်ရှိတဲ့ အရပ်ဘက်ကို မျက်နှာမူပြီး တွန်တယ်... :) ငါ ရန်ကုန်ပြန်မယ့်ညက မနက်ပြန်မယ်ဆို တစ်ညလုံးတောက်လျှောက် အိပ်မရတော့ဘူးလေ... ကြိုတွေးပြီး ပျော်နေတာ...ဒါတောင် မရောက်ခဲ့တာ ၂ နှစ် ၇ လ နော်။
Post a Comment
Subscribe to Post Comments [Atom]
<< Home