Monday, March 1, 2010

To include Myanmar Language support in Windows

မြန်မာ အင်တာနက် ၀ဘ်ဆိုဒ်မှာ တွေ့ရတဲ့ windows OS မှာ မြန်မာစာထည့်သွင်းဖို့ ကြိုးစားနေတဲ့ အကြောင်းအရာတစ်ခုပါ။ မည်သူပဲ ဦးဆောင်ပြုလုပ်သည်ဖြစ်စေ  မြန်မာလို သုံးခွင့်ရရင်တော့ အနည်းနဲ့ အများ ကျေးဇူးများမှာပါ။ ဒါကြောင့် စိတ်ဝင်စားသူများ သွားရောက် အားပေးနိုင်ကြပါတယ်။
 To include Myanmar Language support in Windows

Microsoft Corporation တွင် "လူဦးရေ ၅သိန်းကျော်က ပြောဆိုရေးသားသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Miscrosoft Windows တွင် ထည့်သွင်းပေးရမည်" ဆိုသည့် Official Policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးပဲ ရှိနေဆဲဖြစ်နေရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ Microsoft Corporation သို့ စာဖြင့် မေတ္တာရပ်ခံ တောင်းဆိုမည့်အစီအစဉ် ဖြစ်ပါသည်။
           လက်မှတ်ရေးထိုးသူ အသင့်အတင့်များလာပြီဆိုလျှင် ၊ ဤတောင်းဆိုချက် အပြည့်အစုံကို စာရွတ်ပေါ်တွင် ရိုက်နှိပ်ပြီး၊ ဘီလ်ဂိတ်နှင့် အမှုဆောင်အရာရှိချုပ် စတီးဘော်လ်မား တို့ထံ ပေးပို့ပါမည်။ မိုက်ခရိုဆောဖ့် ဌာနချုပ်တွင် အလုပ်လုပ်နေသော မြန်မာပညာရှင်များမှလည်း ၀ိုင်းဝန်းကူညီကြမည် ဖြစ်ပါသည်။
          မိမိနာမည်အပြင်၊ မိမိကိုယ်တိုင် ဖြည့်စွက်တောင်းဆိုချက်များကိုလည်းအောက်တွင် (အင်္ဂလိပ်ဘာသာဖြင့်) ဖြည့်စွက်ရေးသားနိုင်ပါသည်။
         မြန်မာ( ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာစကားများကို ကွန်ပျူတာတါင် အသုံးပြုလိုသူများ အားလုံး ကိုယ်စား ပေးပို့မည် ဖြစ်ပါသည်။ Myanmar's Net မှ ကုန်ကျစရိတ် ကျခံပါသည်။ သို့သော် Myanmars.Net နာမည်ခံပြီး ပေးပို့မည်မဟုတ်ပါ။
         မိတ်ဆွေများ၏ အကြံပေးချက်အရ ခေါင်းစဉ်၊ လိပ်မူပြောင်းပြီး apple.com, linux.org သို့လည်း ဤ မေတ္တာရပ်ခံစာကို ပေးပို့ပါဦးမည်။
        မိမိ အပေါင်းအသင်း မိတ်ဆွေများကိုလည်း ၀ိုင်းဝန်းလက်မှတ် ရေးထိုးပေးပါရန် သတင်းဖြန့်ဝေပေးပါ။ ဖြစ်နိုင်လျှင် web page, blog များမှ အောက်ပါ URL သို့ ချိတ်ဆက်ပေးပါဟုလည်း ကျွန်ုပ်တို့မှ မေတ္တာရပ်ခံလိုပါသည်။
http://myanmar-myanmar.net/microsoft/

ဆိုပြီး ရေထားတာဖတ်ရပါတယ်။
ဒီလို အကျိုးဆောင်ပေးတာ ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်ကြပါစေ...။

ကျွန်တော် ရေးသားနေချိန်ထိ လက်မှတ်ရေးထိုးထားသူပေါင်း 1947 ယောက်ရှိပါပီ။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home