Tuesday, October 27, 2009

ကွာဟချက်

သားရယ်.....အမေ ခုတလော ခေါင်းမူး မူးနေတယ်။ နေလို့ထိုင်လို့ မကောင်းဘူး ။ သွေးကျဆေးလည်းကုန်ပီ စားဖို့မရှိတော့ဘူး။

ဟူးးးး အမေရယ် တစ်ရက်နှစ်ရက်တော့ သည်းခံပါ။ လကုန်ရက်ဆို တော့ ပိုက်ဆံက ကုန်နေပီ။ အမေတို့က အစားမှ မဆင်ခြင်တာ ပြောရင်လည်း မစားစေချင်လို့ ထင်အုံးမယ်။ ခက်ပါတယ် အမေရယ်..။

အိပ်ယာထဲက မျက်လုံးလေး မှေးပီးကြည့်နေတဲ့အမေ ..။ ပြန်ပီး မျက်လုံး မှိတ်ကာ မှိန်းသွားပြန်သည်။ အသက် ခုနစ်ဆယ်ကျော် လေးနှစ်ထဲရောက်နေပြီ ဖြစ်တဲ့အမေ ခဏခဏ နေမကောင်းဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်ရှုပ်သွား သလိုဖြစ်သွားသည်။ အမေနေမကောင်းဘူး ဆိုတော့ စိတ်က မရွှင်။
-------------------------------------------------------------

နင့်အဖေ... အငယ်မ ချောင်းတအားဆိုးနေတယ်။ ညကလည်း မအိပ်ရဘူး။ ရှင့်မှာတော့ တခေါခေါနဲ့ ။

စောစောစီးစီး မနက်အိပ်ယာထကာစ မိန်းမရဲ့ မြည်တွန် တောက်တီး စကား ။

ပြောရင်းဆိုရင်း ကလေးလည်း နိုးလာပီး ချောင်းတဟွက်ဟွက် ဆိုးပါတော့တယ်။ သမီးလေးက ခုမှ ခုနစ်လ ပဲရှိပါသေးတယ်။ ရွယ်တူတွေနဲ့စာရင် သေးပါတယ်။ ခန္ဓာကို ဖွံ့ဖြိုးမှုနည်းလို့ ထင်တယ်။ ဒါပေမယ့် သန်တာတော့သန်တယ်။ သူများတွေ ၀မ်းလျားမှောက်တုန်းရှိသေးတယ်။ သူကတော့ လေးဘက်သွားပီး ထိုင်နေပီ။
ချောင်းဆိုးသံ တဟွက်ဟွက် ကြားတော့ ကျွန်တော် မနေနိုင် ဆေးခန်းကို တန်းပြေးပါတော့တယ်။
ဆေးခန်းရောက်တော့ ကလေးက အေးဆေးပါ။ ဆောင်းဝင်လာပီမို့ အအေး နည်းနည်းပတ်ကာ ချောင်းဆိုးတာတဲ့။ စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်က ပြောမှပဲ စိတ်အေးတော့တယ်။

အိမ်ပြန်ရောက်တော့ အမေက အိပ်ယာထဲမှာ မထသေးဘူး။ ဒါနဲ့ အမေ နေမကောင်းဘူးလား လို့ မေးတဲ့အခါ -
ရပါတယ် သားရယ် အမေနေသာပါတယ်။ ခဏဆို ထနိုင်ပါပီတဲ့။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်တယ်။ အမေ နေမကောင်းဖူး ဆိုတော့ ငွေမရှိတာ စဉ်းစားမိတယ်။
သမီးနေမကောင်းတော့ အဲဒါကိုမတွေးမိပဲ ဆေးခန်းသာရောက်သွားတယ်။
ဘာကြောင့် မိဘ နဲ့ သားသမီးကြား အဲလောက်ကွားခြားသွားရတာလဲ။
မိခင်အပေါ်ထားတဲ့ စေတနာမေတ္တာနဲ့ သမီးအပေါ်ထားတဲ့ စေတနာ မေတ္တာ ဒီလောက်တောင်ပဲ ကွာရသလား။ ဒါကိုသိပေမယ့် ဘယ်လိုမှ ညှိလို့မရပါဘူး။ အမေ့ကိုထားတဲ့အချစ်နဲ့ သမီးအပေါ်ထားတဲ့အချစ် ချိန်ခွင်လျှာက စောက်ထိုးဖြစ်နေတယ်။
မာတာပီတုဂုနောအန္တော ဆိုပီး မိဘရဲ့ကျေးဇူးဂုဏ်ပုဒ်ဟာတဲ့ မနှိုင်းယှဉ်သာအောင်ကြီးမားလွန်းတယ်တဲ့။
အဲလောက်ကြီးမားတဲ့ ကျေးဇူးရှင်ကို ဘာကြောင့် ကိုယ့်သားသ္မီးလောက် မချစ်တာလဲ။
စဉ်းစားလေလေ ကိုယ့်ကိုယ်ကို ဒေါသထွက်လေလေပါပဲ။

တွေးမိတိုင်း စိတ်မကောင်း ထပ်ကာထပ်ကာ ဖြစ်ရပါတယ်။ ဒါပေမယ့် ဒီထက်မပိုပါဘူး။ သမီးအပေါ်ထားတဲ့အချစ် လျော့မသွားပါဘူး။ ဂရုစိုက်မှု လျော့မသွားပါဘူး။

အမေနေမကောင်းလို့ ကျင်ကြီးကျင်ငယ်အိုးကို ကိုင်တွယ်ရတဲ့အခါ နှာခေါင်းရှုံ့မိပါတယ်။
သ္မီးလေး အီအီးပါလို့ ပေေ၇နေတာကိုတော့ ပြုံးပြုံးလေး ကြည့်ပီး သုတ်သင်ပေးပါတယ်။ ပီးတော့မှ ဖင်မှာ နံမနံ နမ်းကြည့်လိုက်ပါသေးတယ်။
အဲလောက်တောင် ကွာဟရသလား ချစ်ခြင်းမေတ္တာရယ်..။


မေးချင်ပါတယ်......... သင်တို့ရော ဒီလိုပဲလား?
အတ္တတစ်ယောက်ပဲ အတ္တကြီးလွန်းလို့လား?

ပြောကြစမ်းပါဗျာ...........။

5 Comments:

At October 27, 2009 at 2:55 AM , Anonymous ကျော်ကျော်အောင် said...

ဒီစာလေးကိုဖတ်ရတာစိတ်မကောင်းဘူး
တစ်ကယ်ဆိုရင်ဒီလိုမဖြစ်သင့်ဘူး။
မိဘတွေရှိနေတဲ့အချိန်မှာပြုစုပါ။
ကိုယ်တစ်ကယ်ပြုစုကံပါလာလို့
ပြုစုထိုက်လို့ပြုစုရတာပါ။ မိဘတွေ
မရှိတော့တဲ့ခါမှ ဒီလိုအခွင့်အရေးမျိုးကို
ပြန်တောင်းတလို့မရနိုင်တော့ဘူး။
မိဘတွေ သေဆုံးမှငိုတဲ့မျက်ရည်ဟာ
လဲတန်ဖိုးမရှိဘူး။ မသေခင်အချိန်လေးမှာ
မိဘတွေပျော်ရွှင်ကြည်နူးအောင်အတက်နိုင်
ဆုံး ဖြည့်စွမ်းပေးပါလို့အကြံဥာဏ်ပေးချင်ပါတယ်။

 
At October 27, 2009 at 5:34 AM , Anonymous ဆောင်းမြူခိုး said...

သားသမီးဆိုတာ မိဘကို ကြည့်ပြီး အတုခိုးတတ်တာမျိုးပါ...သူတို့ အတုခိုး မှားသွားနိုင်ပါတယ်...
လောကမှာ စုန်ရေပဲ ကြားဖူးတော့ မိဘတွေတုန်းကလည်း အဘိုး အဘွားပေါ် ဒီလိုပဲ ဖြစ်ခဲ့မယ် ထင်တယ်...
ဒါပေမယ့်ပေါ့လေ.. ဘုရားဟော အတိုင်းသံယောဇဉ်တွေ နည်းနိုင်သမျှနည်းအောင်လုပ်ဖို့  ကိုယ့် generation ကို cut off လုပ်ခဲ့ရင်တော့ မိဘဘက်ကို ပိုဂရုစိုက်နိုင်မယ် ထင်တယ်...
ရင်ဘက်မှာ စိုက်နေတဲ့ လှံကိုတောင် အရင် မနုတ်ဘဲနဲ့  မဆိုင်းမတွ မဖင့်မနှေး ချက်ချင်းကျင့်သင့်တဲ့ တရားပါလို့ သိထားပေမယ့် တနေ့ တနေ့ ငါတို့ အချိန်ပေးနေရတာ ငွေနောက်လိုက်နေရတာပဲ များတယ်.. ဘာပဲပြောပြော စိတ်တော့ မကောင်းဘူး..
ငယ်ငယ်က ကျောင်းကားပေါ်မှာ ကပ်ထားတဲ့ စာသားလေးကို သွားသတိရတယ်.."မိဘကို မသေခင်လုပ်ကျွေးပါ..သေမှ ငိုမနေပါနှင့်"..တဲ့.. ငါလည်း ရှေ့ ဆက် ဘယ်လိုကောင်ဖြစ်မယ် မသိသေးပါဘူးလေ..

 
At October 27, 2009 at 5:46 AM , Anonymous ဆောင်းမြူခိုး said...

http://gtuonlinefriends.ning.com/profiles/blogs/2660565:BlogPost:250090
မူရင်းရေးသူကတော့ ဘယ်သူမှန်းမသိဘူး..ဂူဂယ်မှာရှာတာတော့ အများကြီးတက်လာတာပဲ...သူများမို့ ပြောတာမဟုတ်ပါဘူး.ကိုယ်လည်းကိုယ့်ကိုယ်ကို အဲ့လိုဖြစ်မှာစိုးလို့ ဖတ်ဖြစ်တာမျိုးပါ..

 
At October 29, 2009 at 2:09 PM , Blogger ဝက်ဝံလေး said...

အင်း ဖတ်လိုက်ရတယ် ဟယ် အဲလိုမဖြစ်အောင် ဆင်ခြင်မှပဲ ဟ

 
At November 2, 2009 at 1:17 AM , Anonymous ballonlay said...

ငါ့ကျရင်လဲ ဘယ်လိုဖြစ်မယ် မသိသေးဘူး.. ဒီလိုမျိုးနေရာ မရောက်ခင် မိဘတွေကို တတ်နိုင်သလောက် ဂရုစိုက်မှပဲ..

 

Post a Comment

Subscribe to Post Comments [Atom]

<< Home