Friday, March 25, 2011

Earthquake Tarlay (တာလေငလျင်)

ဒီငလျင်ဟာ တာလေအနောက်ဖက် (၉-၁၀)မိုင် လောက်က မြေအောက် (10 Km)  ၆မိုင်လောက်မှာ ဗဟိုပြုလှုပ်တာဖြစ်တယ်လို့ USGS ကပြောပါတယ်။ မြန်မာသတင်းတွေမှာတော့ လွယ်မွေတောင်မှာ ဗဟိုပြုတာလို့ကြေငြာပါတယ်။ 
Google earth မှာတော့ တာလေ အနောက် ၉မိုင်လောက်မှာ Epicenter လို့ပြထားပါတယ်။
အထက်ကလင့်မှာငလျင်ရဲ့ အသေးစိတ်အခြေအနေကို ဖေါ်ပြထားပါတယ်။

တာလေမရောက်ခင် တွေ့ရတဲ့ လမ်းပြတ်ရွေ့ကြောင်းတွေပါ အဲလို နေရာ လေးငါးခုလောက်ရှိတယ် တာချီလိတ်နဲ့တာလေကြားမှာ .. ကားကို အရှိန်နဲ့မောင်းရင်သတိထားရပါတယ်။

တာလေတံတားချဉ်းကပ်လမ်းကတော့ မြင်ရတဲ့အတိုင်းပဲ ၄- ၅ ပေလောက်နိမ့်ကျသွားတယ်။

ကားကြီးတွေသွားလို့မရသေးဘူး၊ ကားလေးနဲ့ ကားလတ်တွေ ဆိုင်ကယ်တွေတော့ သွားလို့ရနေပီ

တစ်ထပ်တော့ မြေကြီးထဲရောက်သွားပီ


အဲဒီတိုက်က အရင်က သုံးထပ်တိုက်ကြီးပါ အခု တစ်ထပ်ပဲ မြေကြီးပေါ်မှာကျန်တော့တယ်။

ဒီအိမ်က ဆောက်ပြီးစပဲရှိသေးတယ်၊ အိမ်ရှင်တွေတောင် မနေရသေးဘူးတဲ့....


လှုပ်ခတ်မှုက ပြင်းလားမပြင်းလားမသိဘူး ဆမ်လော့(သုံးဘီး) တောင်လဲတယ်။


အနိဋ္ဌာရုံတွေပါ။
 တာလေဘုန်းတော်ကြီးကျောင်းပါ။


တာလေအထက ကျောင်းဝင်းပါ.. ကွင်းပြင်ထဲမှာပဲ နေရဲကြတယ်။


ကျောင်းဆောင်တွေလည်းပြိုပါတယ်။

ငလျင်ပြီးတဲ့အခါ တာလေချောင်ရေတွေ နောက်ကျိသွားပါတယ်။ သုံးဖို့ ချိုးဖို့ ခက်သွားပါပီ။
ငလျင်လှုပ်မယ်ဆိုရင် မိုးခြိမ်းသံလို တော်လဲသံကြီး အရင်မည်ပါတယ်။ အသံ မဆုံးခင် ငလျင်လှုပ်ပါတော့တယ်။ 24.3.2011 ည ၈း၂၅ မှာ တစ်ကြိမ်ပြင်းပြင်းထန်ထန်လှုပ်ပါတယ်။ ည ၁၀း၀၀ နာရီမှာ ထပ်မံ ပြင်းပြင်းထန်ထန်လှုပ်ပါတယ်။ အဲဒီနောက် 4-5 Magnitude လောက်ရှိတဲ့ ငလျင်ငယ်များ နှစ်နာရီ၊ သုံးနာရီတစ်ကြိမ်လောက်လှုပ်နေတာ 25.3.2011 ညနေ 5း00 နာရီလောက်အထိပါပဲ။
    ကယ်ဆယ်ရေးလုပ်ငန်းအနေနဲ့ကတော့ ဒဏ်ရာရတဲ့သူတွေအားလုံးဆွဲထုတ်ပီးသွားပါပီ၊ သေဆုံးသူတွေလည်း အားလုံးနီးပါး ထုတ်ပီးသွားပါပြီ။ အပျက်အစီးတွေကိုတော့ ငလျင်ရပ်သွားရင် စတင်ဖယ်ရှားလို့ရပါပီ။ ခုလောလောဆယ်တော့ ကွင်းပြင်ရှိတဲ့နေရာမှာ မိုးကာတွေထိုးပီးနေကြတယ်။ အခုစာရိုတ်နေချိန်မှာ မိုးဖွဲဖွဲလေးရွာနေတယ်။ သူတို့တော့ ဘယ်လိုနေကြမယ်မသိဘူး။ ရင်ထဲမှာ တော့မကောင်းဘူး။
      ဒါ တာလေမြို့နယ်ခွဲ တစ်နေရာပဲရှိပါသေးတယ်။ နားယောင်း၊ မိုင်းလင်း နဲ့ ကျကူနီရွာတွေမှာ လည်း အသေအပျောက်အပျက်အစီးရှိပါတယ်။ မိုင်းလင်းရွာမှာတော့ တာလေထက် ပိုပီး ပျက်စီးတယ်လို့ပြောပါတယ်။ ဒီနေ့ တာလေမှာပဲ အချိန်ကုန်သွားတော့ မိုင်းလင်းထိမရောက်ခဲ့ပါဘူး။

         အခုတော့ တာချီလိတ်မှာ မိုင်းဖုန်းဆရာတော်အမိန့်ရှိလို့ ဆိုလား အိမ်ရှေ့မှာ သဲကိုးပုံ၊ ရေကိုးခွက်နဲ့ ပရိတ်ချည်တွေ၊ ဖယောင်းကိုးတိုင်ကို ဆီမီးထွန်းပြီး အိမ်တိုင်းလိုလို အိမ်ရှေ့မှာ မြေစောင့်နတ်ကို ပူဇော်ကြတယ်။ ကျွန်တော်တော့ ပြုံးမိတယ်။သူတို့ကိုယ်စားသနားလို့ ... :)

ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး သောက်ရေတို့ ခေါက်ဆွဲခြောက်တို့ အသားဗူးတို့ တော့ ဝေပေးနေပါတယ်။ တော်တော်များများ ကိုယ်တတ်နိုင်သလောက်သွားလှူနေကြပါတယ်။
သက်ဆိုင်ရာက လူကြီးတွေလည်း လူအား၊ ငွေအားနဲ့ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးနေကြပါတယ်။

 ခုတော့ ကွင်းပြင်ထဲမှာ မိုးကာတွေနဲ့ တဲထိုးပီးနေကြတယ်။

8 Comments:

At March 25, 2011 at 6:18 AM , Anonymous crystal said...

စိတ်မကောင်းလိုက်နော်။ ဟိုတုန်းက အဲဒီနေရာတွေကို ရောက်ခဲ့ဖူးလို့ ပိုစိတ်မကောင်းဖြစ်နေရပါတယ်။
သတင်းတွေ အတွက် ကျေးဇူးပါ။

 
At March 25, 2011 at 6:22 AM , Blogger နိုင်းနိုင်းစနေ said...

တော်တော် ပျက်စီးတာပဲ... ဒါတောင် ခေါင်တဲ့နေရာမို့ အသေအပျောက်နည်းမယ်လို့ ရေးထားကြတယ်.. မခေါင်တဲ့နေရာဆို ဘယ်လိုနေမယ် မသိဘူး။ သူတို့လဲ ၇ ထိဆိုတော့ ကြောက်ကြမှာပဲ... ကယ်ဆယ်ရေးတွေ အလုပ်သွက်ပါစေလို့.. ရပ်ကြည့်ပြန်.. ရပ်ကြည့်ပြန်ဆို မထူးဘူး... ဂျပန်ငလျင်တုန်းက တစ်နေရာမှာ ဖတ်ဖူးတယ်.. ဆုတောင်းပေးတာထက် လှူဒါန်းပေးပါတဲ့.... ကျေးဇူးပဲစိုင်း.. သွားလေရာ ကင်မရာယူသွားပါလို့

 
At March 25, 2011 at 10:14 AM , Blogger PhyoPhyo said...

ပုံစာလေးတွေနဲ့ဖတ်ရတော့ ချောင်းရေနောက်နေတာ သိလိုက်ရတယ်၊ အစက ဘာလို့ ဒီပုံပြထားလည်းထင်နေတာ၊ စိတ်မကောင်းစရာတွေနော်၊ ငလျင်သတင်းတွေကြားရတာ ဘာမှ လုပ်လို့မရဘူး၊
ဘေးရန်ကင်းပါစေ ဆုတောင်းပေးပါတယ်။

 
At March 25, 2011 at 12:05 PM , Anonymous ဝက်ဝံလေး said...

ပို့စ်တွေကို up to date တင်ပေးလို့ ကျေးဇူး စိုင်းရေ
သတိထားနေ နော်
ဂရုလဲစိုက်အူး

 
At March 25, 2011 at 8:00 PM , Anonymous မိုးယံ (လူသားအားလုံးအတွက်) said...

ဟိုနေရာမှာလို အကူအညီတွေမှ ကောင်းကောင်းရရဲ့လားဟင်

 
At March 25, 2011 at 8:36 PM , Blogger Tin Zaw Aung said...

စိတ်မကောင်းရုံပဲ ရှိပါတယ်။ ဘာမှလဲမလုပ်ပေးနိုင်တော့လေ။ အကူအညီတွေပေးကြပါလို့ပဲ တွေ့တဲ့သူတိုင်းကိုပြောပြရတော့မှာဘဲလေ။

 
At March 25, 2011 at 10:09 PM , Blogger အတ္တ said...

ကွန်တော်တို့တော့ တတ်နိုင်သလောဝယ်ပြီး သွားလှူနေကြပါတယ်
လက်လှမ်းမီသလောက်တော့ ၀ိုင်းလှူနေကြတာပါပဲ

 
At March 27, 2011 at 2:49 AM , Blogger pandora said...

ပုံနဲ့စာတွေကို update တင်ပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ်။
(တိုက်ရိုက်) အကူအညီတွေ ဘယ်လိုပေးရမလဲဆိုတာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါဦးမယ်။

blog ကိုလည်း link ထားလိုက်မယ်နော်။

ပန်ဒိုရာ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home