Thursday, March 24, 2011

မဟာသတိပဋ္ဌာန်ရှုနည်း(အလုပ်ပေးတရား)

တာချီလိတ်မြို့၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိရောစန ရေးသားစီရင်အပ်သော "မဟာသတိပဋ္ဌာန်ရှုနည်း" အမည်ရတဲ့ စာအုပ်တစ်အုပ်ကို တရားချစ်ခင်သူတော်စင်များ ဖတ်ရှုပါများ ကုသိုလ်ပွားစေချင်းငှါ၎င်း၊ ဖတ်ရှုသဘောပေါက်၊ ကျင့်ကြံပေါက်မြောက်က၊ နိဗ္ဗာန်တိုင် အကျိုးများသော စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့အတွက် လက်တွေ့ကျင့်ကြံ ရှုမှတ်ပွားများလိုသော သူတော်စင်တို့အတွက် မဟာသတိပဋ္ဌာန်ရှုနည်းကို အသေးစိတ်မှစ၍ ရှင်းလင်းတင်ပြထားပါသည်။




မဟာသတိပဋ္ဌာန်ရှုနည်း (အလုပ်ပေးတရား) ကို ကလစ်နှိပ်ပီးဒေါင်းနိုင်ပါတယ်။

စာမြည်းအနည်းကို ဖေါ်ပြပါရစေ..။


တရားသည်သာ အားကိုးရာ
တရားရှာ ကိုယ်မှာတွေ့
 
တရားရကြောင်းအင်္ဂါ(၅)ပါး


    ၁။ ယုံကြည်မှု အပြည့်အ၀ ရှိရမည်။
    ၂။ ကျန်းမာရေး အထူးကောင်းမွန်ရမည်။
    ၃။ မိမိ၏စိတ်ကို ဖြောင့်မတ်စွာထားရမည်။
    ၄။ ကြိုးစားမှု အပြည့်အ၀ရှိရမည်။
    ၅။ ဖြစ်ပျက်မြင်အောင် ရှုသိရမည်။


    အထက်ဖော်ပြပါ တရားရကြောင်းအင်္ဂါငါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်....
    ဗုဒ္ဓဘုရားရှင်တည်းဟူသော နည်းပေးလမ်းပြ ဆိုဆုံးမ၍ ဒုက္ခအထွေထွေ ငြိမ်းအေးစေရန် ညွှန်ကြားပေးတတ် ဆရာမြတ်ကို ရခဲ့ပါမူ....
    ညနေပိုင်း၌ အလုပ်ပေးတရား နာယူမှတ်သား၍ စဉ်ဆက်မပြတ် ကျင့်ကြံပွားများ အားထုတ်ပါလျှင် နံနက် မိုးသောက် အလင်းရောက်တဲ့အခါ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်တရားထူး တရားမြတ်ကို မျက်မှောက်ပြုရ/ သိရမှာ သေချာလှပေတော့ သည်။

              (မဇ္ဈိမပဏ္ဏာသပါဠိ-၂-၃၀၀)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home