ငါ...များတဲ့သူတွေ ----- သတိ
လောကကြီးမှာ ငါသာပထမ
ငါသာအမှန် ငါသာကောင်းတာမို့
အချိန်တိုင်းငါ ဟိုနေရာမှာငါ
နေရာတိုင်းငါ ဒီနေရာမှာငါ
ငါသာအနာဂတ် ငါသာကမ္ဘာပတ်
ငါသာပညာတတ် အတိတ်မှာ ငါ့အသက်
ပစ္စုပ္ပန်ဟာ ငါ့အတွက် အချိန်တိုင်းဟာ ငါ့ရမ္မက်
ပြိုင်ဘက်မရှိငါ နိုင်လက်ရှိတဲ့ငါ
အပိုင်ကွက်သိတဲ့ငါ ယိုင်ပျက်မှုမရှိတဲ့ငါ
ပြည့်စုံတဲ့ငါ စေ့ငုံတဲ့ငါ
လုံခြုံတဲ့ငါ ကုံလုံတဲ့ငါ
ငါစကားလုံး အခါခါသုံး ငါ့အသက်ငါရှူရင်း
ငါ့ထမင်းငါစားရင်း ငါ့ငွေငါသုံးရင်း
ငါ့အချိန်ငါဖြုံန်းရင်း ငါ့အကြောင်းငါတွေးရင်း
ငါ့အကောင်း ငါရေးရင်း ငါ့ကိုယ်ငါ ချီးမြှောက်ရင်း
ငါ့အလိုငါ ခရီးထောက်ရင်း နောက်ဆုံးတော့ငါ
မလွဲနိုင်တဲ့ ငရဲအိုင်မှာ လက်မထောင်ပြီး
ငါ ငါ ငါ လို့ အော်နိုင်သေးလား ?
သူများတွေ တရားပွဲမှာ ဝေတဲ့ လက်ကမ်းစာစောင်လေးထဲက နှစ်သက်မိလို့ သံဝေဂ အလို့ငှာ ပြန်လည်ဖြန့်ဝေတာပါ။ ကဗျာရေးသူရဲ့ အမည်တော့ ဖေါ်ပြမထားလို့ ပိုင်ရှင်ဖတ်မိရင် Comment မှာ ရေးထားပေးနိုင်ပါတယ်။ ထပ်မံဖြည့်စွက်ပေးပါ့မယ်။
3 Comments:
ငါလို့ သုံးတော့ဝူး..
ကျွန်မသာအမှန် ကျွန်မသာကောင်းတာမို့
အချိန်တိုင်းကျွန်မ ဟိုနေရာမှာကျွန်မ
နေရာတိုင်းကျွန်မ ဒီနေရာမှာကျွန်မ
း) နောက်တာနော်.....
ငါဆိုတာကြီးက ဘယ်နေရာမှာ သုံးသုံးကောင်းပါဘူး..
သံဝေဂ ရစရာ ကဗျာလေးပါပဲ...
သြော်...
ငါ..ငါ..ငါ..
ငါ ဆိုတဲ့အတ္တ...
ရှယ်ပါရစေ
Post a Comment
Subscribe to Post Comments [Atom]
<< Home