မိမိကိုယ်ကို မေတ္တာပို့ရအောင်
မိမိကိုယ်ကို မေတ္တာပို့ခြင်းသည် ပြုသင့်ပြုထိုက်သော ကိစ္စဖြစ်ပါသည်။ အခြားသူများ ကို မေတ္တာမပို့သခင် ရှေးဦးစွာ ပြုသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မေတ္တာပို့သည်ဆိုရာဝယ် မိမိ၏ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်နေမှသာ တစ်ပါးသူအား မေတ္တာဖြန့်ဝေခြင်း စစ်စစ်ဖြစ်နိုင်ပါသည်။
မိမိကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေစဉ် သူတစ်ပါးအား မေတ္တာပို့ပါက မေတ္တာမထွက်ပဲ လောဘ၊ ဒေါသ များသာထွက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အေးချမ်းအောင် အရင်ဦးစွာ မိမိကိုယ်ကို မေတ္တာပို့သင့်ပါသည်။
အဟံအဝေရောဟောမိ - (အကျွန်ုပ်သည် ဘေးရန်မရှိ ဖြစ်ပါစေသတည်း။)
အဗျာပဇ္ဇော ဟောမိ - (စိတ်စိုးရိမ်ကြောင့်ကြ ဗျာပါဒမရှိ ဖြစ်ပါစေသတည်း)
အနီဃော ဟောမိ - (စိတ်ဆင်းရဲ ငြိုငြင်ပူပန်ခြင်းမရှိသည်ဖြစ်ပါစေသတည်း)
သုခိအတ္တာနံ ပရိဟရန္မိ - (မိမိရုပ်ခန္ဓာကိုယ်ကို စိတ်ချမ်းကြည်သာစွာ တည်ဆောက် နိုင်ပါစေသတည်း။)
ဒုက္ခမုစ္စန္တိ - ( ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါစေသတည်း။)
ယထာလဒ္ဒ သမ္ပတ္တိတော - (အကြင်ကြင်ရအပ်သော စည်းစိမ် ဥစ္စာဟူသမျှတို့သည်မကျိုး
မာဝိဂစ္ဆ န္တု မပေါက်၊ မပျက်မစီး တည်တံ့ ခိုင်မြဲပါစေသတည်း)
ကမ္မဿကော - (ရှေးကယခုပြုခဲ့ဘူးသော ကံအတိုင်းသာလျှင် ရှိပါစေသတည်း)
2 Comments:
မှတ်သားသွားပါတယ်..။
ကျန်းမာရွှင်လန်းပါစေ..။
thanks.......
Post a Comment
Subscribe to Post Comments [Atom]
<< Home