ဒါန၊ သီလ၊ ဘာဝနာ
-မြတ်စွာဘုရား အဆုံးအမ၊ သာသနာ၏အနှစ်အချုပ်မှာ -
ဒါန၊ သီလ၊ သမထ-၀ိပဿနာဟု ဆိုကြရာတွင်၊
-ယခုဘ၀၌ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရလိုရောက်လိုသူသည်၊ ဒါနကို ပြု၍ နေဖွယ်မရှိ၊
ဝိပဿနာအလုပ်ကိုသာ အပတ်တကုတ် ပွားများအားထုတ်ရာ၏။
-နောင် လွယ်လွယ်နှင့်နိဗ္ဗာန်ကို ရလိုရောက်လိုသူတို့မှာကား-
ဒါနကိုလည်း ပွား၊ သီလကိုလည်း ပွား၊
ဝိပဿနာကိုလည်း ကြားညှပ်၍ ပွားများအားထုတ်ရာ၏။
- ဒါနမရှိလျှင် - ရိက္ခာမပါသော ခရီးသွား၊
ဒါနနည်းလျှင် - ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။
- သီလမရှိလျှင် - ခြေကျိုးသော ခရီးသွား၊
သီလနည်းလျှင် - ခြေမသန်သော ခရီးသွားနှင့် အလားတူ။
- ၀ိပဿနာမရှိလျှင် - မျက်စိမမြင်သော ခရီးသွား၊
ဝိပဿနာနည်းလျှင် - မျက်စိမွဲသော ခရီးသွားနှင့် အလားတူ၏။
- ဒါနဖြစ်စေ၊ သီလဖြစ်စေ၊ ဘာဝနာဖြစ်စေ၊ ကုသိုလ်မှန်လျှင်-
မိမိတို့ ဆန္ဒပဏိဓိအားလျော်စွာ၊ လိုရာအကျိုးကို ပေးနိုင်၊ ရစေနိုင်၊ ရောက်စေနိုင်သည်သာ ဖြစ်ရကား။
- နိဗ္ဗာန်ကို ရလို ရောက်လိုသူ မှန်လျှင်-
ဒါနကို ခင်သည်၊ သီလကို ခင်သည်၊ ၀ိပဿနာကို ခင်သည်၊
နှစ်လုပ်စာရလျှင် စားသူရှိက တစ်လုပ်ကို ပေးဝေနိုင်သည်သာလျှင်တည်း။
( ဒီပဲယင်းဆရာတော် ဘုရားကြီး)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home