Saturday, January 29, 2011

ရှောင်ရန်...

တနေ့ညက ရွှေမြိုင်ဆရာတော် တရားပွဲ သွားနာဖြစ်ခဲ့တယ်။ ဟောတဲ့အထဲက သဘောကျတာလေး မျှဝေပါတယ်။
ဆရာတော်ဟောတာက "" သုံးလုံးရှောင် အိုအောင်မဆင်းရဲ တဲ့။
ကြားဖူးတာက "ဘူး" တစ်လုံးဆောင် အိုအောင်မဆင်းရဲပဲ ကြားဖူးခဲ့တာ...။
ဆရာတော်က "" သုံးလုံးရှောင်ဆိုတော့ နည်းနည်း ထူးဆန်းသွားတယ်။ နောက်ရှောင်ရမှာကလည်း သုံးလုံးတောင်..။ ဒါနဲ့ သေချာမှတ်လာခဲ့တယ်။

ဆရာတော်က ဆက်ဟောပါတယ်။

ပထမ "တ" ကတော့-
တောထွက် ပါတဲ့။
ဒုတိယ "တ" ကတော့-
တောင်ပြန် ..တဲ့။
နောက်ဆုံး "တ" ကတော့-
တယ်လူး ဖြစ်ပါသတဲ့။


တောထွက် ဆိုတာကတော့ သားနဲ့ မယားနဲ့ အိမ်ထောင်ပြုပြီး အကြောင်းကြောင်းကြောင့် ရဟန်းဘောင် ၀င်လာကြသူတွေကို ပြောတာပါ။ အဲလို ရဟန်းတွေကို တောထွက်လို့ ခေါ်ပါတယ်။ သူ့ကိုလည်းရှောင်ရပါမယ်တဲ့။

တောင်ပြန် ဆိုတာကတော့ ငယ်စဉ်ကတည်းက ကိုရင်ဝတ်ပြီး အသက်စေ့တော့ ရဟန်းဘောင်တက်ပါတယ်။ ရဟန်း လေး ငါး ဆယ်ဝါ လောက်ရောက်တော့ အကြောင်းကြောင်းကြောင့် လူထွက်ပါတယ်။ ဘုန်းကြီးလူထွက်ဘ၀နဲ့ လူ့လောကမှ နေရတာ အဆင်မပြေပြန်တော့ ရဟန်းပြန်ဝတ်ပါတယ်။ အဲလို ရဟန်းကိုတော့ တောင်ပြန် လို့ခေါ်ပါတယ်တဲ့။
အဲ.. သူ့ကိုလည်းရှောင်ရပါမယ်တဲ့။

တယ်လူး ဆိုတာကတော့.. အသက်သုံးလေးဆယ်လောက်ရမှ ရဟန်ဘောင်ရောက်လာတဲ့ လူပျိုကြီး တွေကို ခေါ်ပါတယ်။ သူ့ကိုတော့ အသက်ကြီးမှဝတ်ပေမယ့် တောထွက်လို့မခေါ်ပါဘူးတဲ့..။ အိမ်ထောင်မကျလို့ ဖြစ်ပါတယ်။
အဲ.. သူ့ကိုတော့ ပိုပြီး ဝေးဝေးရှောင်ရမယ်တဲ့။

ဟီး.. ကိုယ်ကိုးကွယ်ကြည်ညိုနေတဲ့ ဆရာတော်တွေထဲမှာ ပါနေရင်တော့... Sorry နော်...။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home