အိပ်မက်
လူတော်တော်များများ အိပ်မက် မက်ဖူးကြပါတယ်။ တစ်ချို့အိပ်မက်က ကိုယ့်အတွက် ဖြစ်ပြီးခဲ့တာတွေကို ပြန်မက်ပါတယ်။ တစ်ချို့အိပ်မက်က နောင်ဖြစ်လာမယ့် အတိတ်နိမိတ်တွေအဖြစ်မက်ကြပါတယ်။ တစ်ချို့ကတော့ စွဲလန်းတဲ့အကြောင်းအရာတစ်ခုခုကို ခဏခဏမက်တတ်ကြပါတယ်။ ဘယ်လိုပဲမက်မက် အိပ်မက်ဟာ... လက်ရှိလောကနဲ့ တနည်းနည်း ဆက်စက်နေတယ်ဆိုတာကတော့ သေချာပါတယ်။
အဲလိုမက်တဲ့သူတွေထဲမှာ ကောသလမင်းကြီးမက်တဲ့အိပ်မက်ကတော့ တော်တော်ထူးခြားပါတယ်။ ယနေ့ ခေတ်မှာ ဖြစ်ပျက်နေတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နိမိတ်သဘောမြင်မက်ခဲ့တာပါ...။ သူမက်ခဲ့တာတွေအားလုံး ယနေ့ ဖြစ်ပျက်နေပါပီ...။
သူဘာတွေမက်ခဲ့လဲဆိုတော့..
ရာသီဥတု ဖောက်ပြန်မယ့် အကြောင်းတွေ...
လူ့ယဉ်ကျေးမှု၊ စာရိတ္တအကြောင်းတွေ
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေ..
အိမ်ထောင်ရေး အခြေအနေတွေ...
အကျင့်ပျက် ၀န်ထမ်းများအကြောင်းတွေ...
မိုးလေ၀သ ရာသီဥတု ဖောက်ပြန်မယ့်အကြောင်းတွေ...
ဘာသာရေးနဲ့ပတ်သက်တာတွေ ...
လူ့ယဉ်ကျေးမှု ခြစားတာတွေ...
ခေတ်ပြောင်းပြန်ဖြစ်နေတာတွေ...
တော်သေးတယ်... ညက ၁၂နာရီမှာ သူအိပ်တာက ခန့်မှန်း(၇နာရီ ၈နာရီ)လောက်ပဲ အချိန်ရှိလို့... ဒီထက်များ ညတာရှည်မယ် အိပ်ချိန်ရှည်မယ်ဆိုရင်တော့... သူဘာတွေဆက်မက်ဦးမယ်ဆိုတာ မတွေးဝံ့စရာပါပဲဗျာ...။
အားလုံး ဗဟုသုတ တိုးပွားကြပါစေ...
2 Comments:
ပညာသီလပြည့်ဝသူဟာ သူယုတ်များ ဝပ်တွားနေရမှာ..ဆိုတဲ့ ပုံမြင်တုန်းက ငါလည်း တော်တော်စဉ်းစားမိတယ်.. အခုခေတ်မှာ company ပိုင်ရှင် တော်တော်များများက ငွေရှိလို့ company ထောင်အလုပ်လုပ်ကြတာ..များသောအားဖြင့် နယ်စပ်က လက်နက်ကိုင်နိုင်တဲ့ ခပ်ရိုင်းရိုင်းတွေများတယ်..အဲ့ဒီလက်အောက်မှာ ပညာတတ်တွေက ခယ နေရတာနဲ့များ သွားတူနေသလားလို့...
တူတာမဟုတ်ပါဘူး
တထပ်တည်းပဲ... :)
Post a Comment
Subscribe to Post Comments [Atom]
<< Home