ဗုဒ္ဓအထုပ္ပတ္တိအကျဉ်း
လူအမည် - သိဒ္ဓတ္ထ
ဘုရားဘွဲ့ - ဂေါတမ
အဘအမည် - သုဒ္ဓေါဒန (ဘုရင်)
အမိ အမည် - မာယာဒေ၀ီ (မိဖုရား)
မိထွေးတော် - ပဇာပတိဂေါတမီ
ကြင်ယာတော် - ယသော်ဓရာ(ဘဒ္ဒကဉ္စနာ)
ရင်သွေးတော် - ရာဟုလာ
ယောက်ဖတော် - ဒေ၀ဒတ်
နေပြည်တော် - ကပ္ပိလ၀တ်ပြည်( သက္ကတိုင်း၊ မဇ္ဈိမဒေသ)
မွေးဖွားရာဌာန - လုမ္ဗိနီဥယျာဉ် (ကပ္ပိလ၀တ်နှင့် ဒေ၀ဒဟ အကြား)
နန်းစံနှစ် - သက်တော် ၁၆နှစ်မှ ၂၉နှစ်အထိ(၁၃နှစ်)
နိမိတ်လေးပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူခဲ့သော ဘ၀ - သုမေဓာရသေ့ဘဝ
ဗျာဒိတ်ပေးခဲ့သော ဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
ဗျာဒိတ်ခံယူခဲ့သောနေ့ - ကဆုန်လပြည့်နေ့
ပါရမီဖြည့်ဖက် - သုမိတ္တာ အမျိုးသမီး (ယသော်ဓရာအလောင်း)
ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ်
ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေဠတော
ဘုရားဖြစ်ချိန် သက်တော် - ၃၅ နှစ်
ဘုရားပွင့်ရာ လူ့သက်တမ်း - နှစ် ၁၀၀ တမ်း (ယ္ခု ၇၅ နှစ်တမ်း)
အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ)
ပထမဆုံး တရားဟောသည့်နေရာ - မိဂဒါဝုန်တော၊ ဗာရာဏသီပြည်
ပထမဆုံးဟောသည့်တရား - ဓမ္မစက္ကပ၀တ္တနသုတ္တန်( ဓမ္မစကြာတရားတော်)
ပထမဆုံး တရားသိမြင်သည့်သာဝက - ကောဏ္ဍညမထေရ် (ပဉ္စ၀ဂ္ဂီငါးဦးမှ )
နောက်ဆုံး တရားသိမြင်သည့်သာဝက - သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက - အသျှင်သာရိပုတ္တရာ
လက်ဝဲရံ အဂ္ဂသာဝက - အသျှင်မဟာမောဂ္ဂလာန်
သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့
ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြောနေ့
တောထွက်သောနေ့ - မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့် ၊ တနင်္လာနေ့
ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့
ဓမ္မစကြာတရားဦးဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃ ခု၊ ၀ါဆိုလပြည့် ၊ စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂ ရက်၊ တနင်္ဂနွေနေ့
ဆရာတော်ဦးပညာသာမိ
2 Comments:
thanks
Thanks bante
Post a Comment
Subscribe to Post Comments [Atom]
<< Home