Tuesday, December 8, 2009

သွေးစိမ်းခေါက်ဆွဲ

တခါတခါ ကြံကြံဖန်ဖန် အစားအစာတွေ  ကျွန်တော်တို့အလုပ်သမားတွေကို လုပ်ပြီးကျွေးပါတယ်။ ဒီနေ့ ကျွေးတာကတော့ သွေးစိမ်းခေါက်ဆွဲပါတဲ့။ နာမည်ကြားကတည်းက အတ္တတစ်ယောက် အံချင်စိတ်ပေါက်နေပီ... လို့ မဆိုလိုပါဘူး။ :P

အဲဒီလို ဇလုံထဲမှာ ၀က်သွေးအစိမ်းတွေ ထည့်ထားပါတယ်။
(အတ္တ သွားစားတဲ့အချိန် သွေးက တစ်ဝက်လောက်လျော့နေပါပီ၊ သိပ်မကြိုက်ကြဘူးထင်ပါတယ်။ :D)

ပဲပင်ပေါက်ရယ်၊ ဂေါ်ဖီထုပ်ရယ်
 
ဆန်နဲ့လုပ်ထားတဲ့ခေါက်ဆွဲရယ်


နောက် ၀က်သား သုံးထပ်သားကို ပါးပါးလှီး


နောက် ကိုယ်ကြိုက်သလောက် သွေးစိမ်းကို ကိုယ့်ပန်းကန်ထဲတည့်


ပြီးရင် ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ ၀က်သားနည်းနည်းစီထည့်ပီး ၂မိနစ်လောက်ပြုတ်


ခုနင်က သွေးစိမ်းထည့်ထားတဲ့ ပန်ကန်လုံးထဲထည့်


အချို၊ အပေါ့၊ အငန်၊ အစပ်၊ အချဉ်တွေ ကိုယ့်သဘောကျ ထည့်ပြီးရင်တော့


အနံ့အရသာနဲ့ ပြည့်စုံတဲ့ သွေးစိမ်းခေါက်ဆွဲတစ်ပွဲရပါပီ...။
(အားလုံးထည့်ပြီး နယ်ပြီးသွားတော့ သွေးစိမ်းနံ့ ပျောက်သွားပီး မွှေးတဲ့ အနံ့တစ်မျိုးထွက်လာပါတယ်)

4 Comments:

At December 9, 2009 at 12:31 AM , Blogger နိုင်းနိုင်းစနေ said...

အဲတာ........ လှေပေါ်ကခေါက်ဆွဲ ရဲ့ နာမည်ကြီး ခေါက်ဆွဲမဟုတ်လား.. အဲဒီလို ချက်ပေးမှန်း မသိဘူး.. တော်သေးတယ်.. သွားစားတိုင်း သွေးမထည့်တာပဲ စားတာ...

ပင်စိမ်းရွက်များများ ထည့်ရင် ပိုစားကောင်းတယ်.. သွေးက ညှီမှာစိုးလို့ မစားဘူး..

 
At December 9, 2009 at 1:06 AM , Blogger အတ္တ said...

ကျွန်တော်လည်း မသိဘူး အစ်မရဲ့၊ အရင်ကတော့ သွေးကြော်တွေ အရက်နဲ့ မြည်းဖူးတယ်။ အစိမ်းတော့ မစားဖူးဘူး။ အခုလည်း သူများစားတာ ကို ရေးထားတာ ...။ :D

 
At December 9, 2009 at 10:07 AM , Blogger ဝက်ဝံလေး said...

ဟယ် ထူးဆန်းပါ့ ဆတွတ် ရယ် အဲလေ ယောင်လို့ ဟိဟိ ကြားဖူးဘူး အဲဒါ စားကောင်းလား ဟဲ့

 
At November 27, 2010 at 5:02 AM , Blogger Aeimt Kabyar Mon said...

အိးချားရဲဘူး

 

Post a Comment

Subscribe to Post Comments [Atom]

<< Home