Tuesday, November 3, 2009

စိတ်ဝင်စားဖွယ် အကျိုးများ

(က) မေတ္တာပို့သခြင်းအကျိုး
၁။ ချမ်းသာစွာအိပ်ရခြင်း
၂။ ချမ်းသာစွာနိုးထရခြင်း
၃။ အိပ်မက်ဆိုးကို မမြင်မက်ခြင်း
၎။ နတ်တို့က စောင့်ရှောက်ခြင်း
၅။ လူအများ ချစ်ခင်ခြင်း
၆။ မီးဘေး မသင့်နိုင်ခြင်း
၇။ အဆိပ်၊ လက်နက် မသင့်ရောက်နိုင်ခြင်း
၈။ စိတ်တည်ကြည်ခြင်း
၉။ မျက်နှာကြည်လင်ခြင်း
၁၀။ တွေဝေစွာ မသေရခြင်း
၁၁။ သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း
ဟူ၍ မေတ္တာပို့သခြင်း၏အကျိုး ဆယ်တစ်မျိုးရှိကြောင်း မှတ်သားရပါသည်။

(ခ) ဆွမ်းကပ်လှူရခြင်းအကျိုး
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ကိုယ်စိတ်ချမ်းသာခြင်း
၎။ ခွန်အားဗလ ကြီးမားခြင်း
၅။ ဉာဏ်ပညာ ကြီးမားခြင်း
ဟူ၍ ဆွမ်းအကျိုးငါးမျိုး ပြဆိုထားပါသည်။

(ဂ) ရေချမ်းကပ်လှူရခြင်းအကျိုး
၁။ လျင်မြန်ခြင်း
၂။ သန့်ရှင်းစင်ကြယ်ခြင်း
၃။ ကျော်ကြား လူသိများခြင်း
၎။ ဆာလောင်မွတ်သိပ်မှု ကင်းခြင်း
၅။ အခြွေအရံများခြင်း
၆။ အသက်ရှည်ခြင်း
၇။ အဆင်းလှခြင်း
၈။ ချမ်းသာကြီးခြင်း
၉။ ခွန်အားဗလ ကြီးခြင်း
၁၀။ ဉာဏ်ပညာကြီးများခြင်း
ဟူ၍  သူတစ်ပါးအား ရေ ပေးကမ်းလှူဒါန်းရခြင်းကြောင့် ဆယ်ပါးသောအကျိုးပြန်ရပါသည်။

(ဃ) ပန်းလှူဒါန်းရခြင်းအကျိုး
၁။ ရုပ်ရည်လှပခြင်း
၂။ ကိုယ်ခန္ဓာသန့်ရှင်းခြင်း
၃။ ခံတွင်းမွှေးကြိုင်ခြင်း
ဆိုသော အချက်သုံးချက်မှာ သူတစ်ပါးအား ပန်း ၊ အမွှေးအကြိုင်လှူဒါန်းပေးကမ်းပါကရရှိနိုင်ပါကြောင်း ..။

(င) ဆီမီးလှူရခြင်းအကျိုး
၁။ ပကတိ မျက်စိကြည်လင်ခြင်း
၂။ ဉာဏ်(မျက်စိ) ကြည်လင်ခြင်း (၀ါ) ဉာဏ်ကောင်းခြင်း
ဆိုသော အကျိုးနှစ်ပါးကို ဆီမီး၊ လျှပ်စစ်မီး စသည့် အလင်းရောင်ကို လှူဒါန်းပါကရရှိနိုင်ပါသည်။

ထိုသို့ သူတစ်ပါးအား ပေးကမ်းလှူဒါန်းရာတွင် အလှူခံပုဂ္ဂိုလ်၏ အရည်အချင်း (သီလ၊ သမာဓိ၊ ပညာ) ပေါ်မူတည်၍ ရရှိသော အကျိုး တန်ပြန်အဆ ကွားခြားပေသည်။
ထိုသို့ ပေးကမ်းစွန့်ကျဲရာတွင် ဖြစ်ပေါ်သော စိတ်စေတနာဇော ပေါ်မူတည်၍ အကျိုးပေးရာ အချိန်ကာလ သည်လည်းကွားခြားပေမည်။
သို့ရာတွင် တချိန်ချိန် တော့ အကျိုးပေမည်မှာတော့သေချာပါသည်။

5 Comments:

At November 3, 2009 at 8:12 PM , Anonymous ballonlay said...

လှူဒါန်းရခြင်း အကျိုးအမျိုးမျိုးကို လာဖတ်လေ့လာသွားပါတယ် အတ္တရေ.. ကျေးဇူးတင်တယ်နော့

 
At November 4, 2009 at 3:24 AM , Anonymous ကျော်ကျော်အောင် said...

လူသားအားလုံး သန့်ရှင်စင်ကြယ်စွာ ပေးကမ်းလှူဒန်းခြင်း
အမူ့ကို ပြုနိုင်ကြပါစေ။

 
At November 4, 2009 at 4:20 AM , Anonymous ဆောင်းမြူခိုး said...

မေတ္တာပို့ ခြင်း အကျိုးက နောက် အကျိုးတစ်ခု upgrade လုပ်ဖို့  ကျန်နေသေးတယ် ..စက်တင်ဘာ ၂ဝဝ၇ ကမှ အဲ့ဒီ အကျိုးစပြီး effect ဖြစ်တာ.. မောင်ရင် မသိသေးဘူး ထင်တယ်..

 
At November 4, 2009 at 5:32 PM , Blogger အတ္တ said...

အဲဒီ အကျိုးက သံဃာယနာ မတင်ရသေလို့ ပိဋကတ်သုံးပုံထဲ မပါသေးလို့ပါ။ :P

 
At November 29, 2010 at 4:33 AM , Blogger Aeimt Kabyar Mon said...

ကျေးဇူးပါ

 

Post a Comment

Subscribe to Post Comments [Atom]

<< Home