Monday, March 28, 2011

တာလေ မိုင်းလင်း မှတ်တမ်း(28.3.11)

     မနေ့က ဟိုတယ်က ဆရာသမားတွေနဲ့ အလှူခံရရှိတဲ့ ငွေသားနဲ့ ပစ္စည်းတွေ တာလေ ကယ်ဆယ်ရေးစခန်းမှာ သွားဖြစ်ခဲ့တယ်။ လမ်းမှာ သွားရင်းနဲ့ တစ်နိုင်တစ်ပိုင်လှူဖို့သွားတဲ့သူတွေ အဖွဲ့အစည်းနဲ့ သွားတဲ့သူတွေ တော်တော်များများတွေ့ခဲ့ရပါတယ်။ တချို့ကို ကယ်ဆယ်ရေးမှာ လှူကြပြီး တချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကို တိုက်ရိုက်သွားလှူကြတာတွေ့ရပါတယ်။


တချို့ကသုံးဘီးဆိုင်ကယ်(ဒီကအခေါ် ဆမ်လော့)၊ တချို့က ထော်လာဂျီ၊ တချို့က ကား အဆင်ပြေသလို သွားလှူနေကြပါတယ်။ သွားလှူတဲ့ ယာဉ်တွေကို လမ်းအသုံးပြုခ တိုးဂိတ်ကြေး အခမဲ့ပါ။ စစ်ဆေးရေးဂိတ်တွေကလည်း လိုအပ်သလို ကူညီပေးကြပါတယ်။ 



တာလေ ကယ်ဆယ်ရေးစခန်းပါ၊

ကုန်တင်ကုန်ချအလုပ်သမားတွေပါ။ သူတို့လည်း လုပ်အားဒါန ကူညီပေးကြပါတယ်။ နားရတယ်မရှိပါဘူး။



လာလှူတဲ့ ပစ္စည်းတွေကို စနစ်တကျ အပ်နှံရပါတယ်။





ယန္တယားကြီးတွေ အသုံးပြုပြီး အပျက်အစီးတွေကို ဖယ်ရှားနေပါပြီ။

မိုင်းလင်းဆရာတော်ကျောင်းက စေတီပါ။ အသစ်ပြန်တည်မှရပါတော့မယ်။
 ခုပြိုကျနေတာကတော့ မိုင်းလင်းဆရာတော် အမြဲသီတင်းသုံးတဲ့ကျောင်းပါ။ ဆရာတော် တရားထိုင်နေတုန်းမှာ စိတ်မှာ တစ်မျိုးဖြစ်တာနဲ့ ကျောင်းပြင်ထွက် စင်္ကြန်လျှောက်ပါတယ်။ အဲဒီ အခိုက်မှာပဲ ငလျင်ကြီး လှုပ်လိုက်တာ ပြိုကျသွားတော့တာပဲ။
"ဓမ္မောဟဝေ ရက္ခတိ၊ ဓမ္မစာရိံ"  
တရားစောင့်သောသူကို တရားက ပြန်စောင့်ရှောက်တယ်။ လို့ အဓိပ္ပါယ်ရပါတယ်။
မြတ်စွာဘုရားဟော မှန်တဲ့အကြောင်း သက်သေထူသလိုပါပဲ။

ငလျင်ဒဏ်ကို ဥတည်ဘွားကြီးလည်းရင်ဆိုင်ရတာပါပဲ။ :P


 ထူးဆန်းတာက အဲဒီ မိုင်းလင်းကျောင်းထဲက ဓမ္မာရုံကြီး မျက်နှာကျတချို့ကွာကျတာကလွဲလို့ ဘာမှမဖြစ်ဘူး။ 


စမ်ချောင်းနဲ့ တောင်ကျချောင်းရေတွေတော့ ပြန်ကြည်လင်လာတဲ့အတွက် ရေအတွက် အဆင်ပြေသွားပါပြီ။



တာလေတံတားကတော့ ယာဉ်ကြီး/ငယ် မရွေး သွားလာလို့ရပါပြီ။ လမ်းအက်ကွဲသွားတာတွေလည်း ကောင်းသွားပါပြီ။
ရာသီဥတုကတော့ မိုးတွေအုံ့ပြီး အေးစိမ့်စိမ့်ပါ။ အနွေးထည်ဝတ်တာတောင် နည်းနည်းချမ်းသလိုပါပဲ။ မိုးကတော့ တစ်ပေါက်နှစ်ပေါက်လောက်ပဲ ကျပါတယ်။ တော်သေးတာပေါ့ ထပ်မရွာချတာ...။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home