အသုဘ ဆယ်ပါး
ဥဒ္ဓုမာတကံ - သေသည်မှ အထက်နောက်ကာလ၌ လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်
သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ဝိနီလကံ - အဖြူအနီစသည်နှင့်ရောလျှက် များသောအားဖြင့်ညိုသောအဆင်းရှိသည်ဖြစ်၍ စက်ဆုပ်
ဖွယ်ရှိသောအကောင်ပုပ်လည်းကောင်း။
ဝိပုဗ္ဗကံ - ယိုသောပြည်ရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ဝိစ္ဆိဒ္ဒကံ - အလယ်၌နှစ်ပိုင်းပြတ်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ဝိက္ခာယိတကံ - ခွေး၊ မြေခွေးအစရှိသည်တို့သည် အထူးထူးသော အခြင်းအရာဖြင့် ခဲအပ်သည်ဖြစ်၍
စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ဝိက္ခိတ္တကံ - ခွေး၊ မြေခွေးအစရှိသည်တို့သည် အထူးထူးသောအခြင်းအရာဖြင့် အပိုင်းပိုင်းဖြတ်လျှက်
ထိုထိုသောအရပ်၌ ပစ်အပ်သည်ဖြစ်၍ စက်ဆုပ်ရှိသောအကောင်ပုပ်လည်းကောင်း။
ဟတ၀ိက္ခိတ္တကံ - ကျီးခြေသဏ္ဍာန်အစရှိသဖြင့် ဓားလက်နက်ဖြင့် သတ်လျှက် အထူးထူးသော အခြင်းအရာဖြင့်
ပစ်အပ်သည်ဖြင့် စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
လောဟိတကံ - ယိုသောသွေးရှိသည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ပုဠုဝကံ - ပိုးလောက်တို့ဖြင့် ပြည့်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
အဋ္ဌိကဉ္စ - အရိုးစုသာဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော အကောင်ပုပ်လည်းကောင်း။
ရှုပွားပါ။
မိမိခန္ဓာကိုယ်ကို ၄င်း၊ သူတစ်ပါးခန္ဓာကိုယ်ကို၎င်း ထိုကဲ့သို့ ရှုမြင်ရမည်ဖြစ်သည်။ သို့မှသာ မိမိခန္ဓာကို ခင်တွယ်နေသာ တဏှာ လျော့ပါးသွားမည်ဖြစ်သည်။
(ရာဂအားကြီးသူများ အမြဲပွားများအပ်ပါသည်။)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home