Tuesday, June 21, 2011

တန်ဖိုး

ဘယ်အရာ မဆို သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ ပစ္စည်းတိုင်း၇ဲ့ တန်ဖိုးကို တန်ဖိုးသိသူတွေက ဈေးသတ်မှတ်ပေးထားကြပါတယ်။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို အဲဒီပစ္စည်းအကြောင်းသိတဲ့သူမှသာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိပါမယ်။ တန်ဖိုးမသိတဲ့သူ ပစ္စည်းအကြောင်းနားမလည်တဲ့သူကတော့ အဲဒီပစ္စည်းတန်ဖိုးကိုမသိတဲ့အတွက် တန်ဖိုးထားရကောင်းမှန်း ၊ ဘယ်လောက်တန်မှန် မသိပါဘူး။
တန်ဖိုးသိမှလည်း တန်ဖိုးထားကြပါတယ်။ တန်ဖိုးမသိသူကတော့ တန်ဖိုးမထားပါဘူး။
နာကြားဖူးတဲ့ တောင်မြို့ မဟာဂန္ဓာရုံရှင်ဇနကာဘိဝံသ ဟောတဲ့တရားတစ်ပုဒ်မှာ ပြည်တန်ပတ္တမြားကို စတွ့တဲ့ ကြက်မကြီးဟာ တွေ့စတော့ ရဲရဲလေးဆိုတော့ အစာမှတ်လို့ ကောက်လိုက်ပါတယ်။ နောက် အစာမဟုတ်မှန်းသိလို့ ပြန်ချပြီး တော်တော်ရှုပ်တဲ့ဟာပဲ ဆိုပြီး ယက်ထုတ်လိုက်ပါတယ်တဲ့။ 
နောက် ဒုတိယတွေ့တဲ့ ကလေးကတော့ ကျောက်ခဲနီနီလေးဆိုပြီး ကစားဖို့ကောက်ယူထားပါတယ်။  ပတ္တမြားနဲ့ ကစားနေတာကိုတွေ့တဲ့ လူကြီးတစ်ယောက်က ကလေးဆီက မုန့်ဖိုးပေးပြီးဝယ်သွားပါတယ်။ နောက် ပန်းထိမ်မှာသွားရောင်းပါတယ်။ တစ်ထောင်လောက်ရတယ်ဆိုပဲ။ 
တစ်ခါ ပန်းထိမ်သည်က ရတနာကုန်သည်ကို ပြန်ရောင်းတော့ တစ်သိန်းလောက်ရတယ်ဆိုပဲ။
ရတနာကုန်သည်က ပြန်ရောင်းတော့ ရွှေငွေရတနာတွေ မရေတွက်နိုင်အောင်ရတယ်ဆိုပဲ။

ဒီလိုပါပဲ...
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို တန်းဖိုးထားကြပုံခြင်းမတူပါဘူး။ ကိုယ့်သန္တာန်မှာ ရှိတဲ့ ဉာဏ်အလိုက် ကွာခြားသွားပါတယ်။
တချို့ဆို တန်ဖိုးရှိမှန်း အဖိုးတန်မှန်းတောင် မသိကြပါဘူး။ ကြက်မကြီးလိုပါပဲ...
တချို့က ကစားစရာလောက်သာ မှတ်ထင်ကြတယ်။ ကလေးလို အတွေးရှိနေသူတွေပါပဲ...။
တချို့ကတော့... တန်ဖိုးရှိမှန်းတော့ သိတယ် ။ ဒါပေမယ့် ဘယ်လောက်တန်မှန်းတော့ မသိကြဘူး...။
တချို့ကတော့ .. အဖိုးမဖြတ်နိုင်အောင်တန်မှန်းသိတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်ဘုရားဟောအတိုင်း ကျင့်ကြံကြလို့ လောကမှ လွတ်မြောက်သွားကြတယ်။ သူတို့ကတော့ တန်ဖိုးအသိဆုံးသူတွေပါပဲ။

သင်ရော... ဘုရားဟောတရားဓမ္မတွေရဲ့တန်ဖိုးကို ဘယ်လောက်သိပြီလဲ?

2 Comments:

At June 28, 2011 at 1:04 AM , Anonymous Anonymous said...

It's very good. May I copy this? Thank you so much for sharing too.

 
At June 28, 2011 at 7:59 PM , Blogger အတ္တ said...

ွှဤဘလော့ဂ်ရှိ စာများအား မည်သူမဆို ကူးယူနိုင်ပါသည်။

 

Post a Comment

Subscribe to Post Comments [Atom]

<< Home